Zawgyi
" Yixing ကတော့ စံပဲ သုံးယောက် ပြိုင်လိုက်တာကို ဟိုက သူ့ကိုရွေးသွားတယ်"
"အေးလေကွာ ခု အဲ့ကောင်က ပျော်ရွှင်နေပြီ"
"ပထမဆုံး အငြင်းမခံရတာ မို့လား သူ့သမိုင်းမှာ"
"ရာဇဝင်တွင်ပါပြီကွာ"
Chanyeol နှင့် Jong Inတို့သည် သူငယ်ချင်းဖြစ်သူရဲ့အကြောင်းကို ညည်းညူစွာပြောဆိုနေကြလေရဲ့။
Jong Inအိမ်က ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေကြရင်း ပြောဆိုနေကြတာက ငယ်ပေါင်းကြီး Zhang Yixingအကြောင်း။ဒီကောင်က သူတို့ အုပ်စုထဲ သောက်ကျိုးနည်း ဂေါ်မစွံကောင်ဖြစ်သည်။ အရပ်အားဖြင့် အရမ်းမနိမ့်သော်လည်း Chanyeolတို့နဲ့ဆိုရင်တော့ ပုတာသိသာလှပေသည်မို့ အုပ်စုတစ်ခုလုံးထဲမှာ နံပါတ်စဉ် ဘိတ်ချည်းကျသည်ဟု ပြောလို့တော့ရသည်။
အလယ်တန်းကတည်းက ခင်ခဲ့သော Chanyeolတို့ အုပ်စုရဲ့ Hyperလို့လည်းပြောလို့ရတဲ့ Yixingဟာ ဆေးတက္ကသိုလ်ဝင်ခွင့်ရတဲ့ အဖွဲ့ရဲ့ အကောင်ကြီးကြီး လည်းဖြစ်သည်။ တစ်ခုပဲ နှစ်တိုင်း Suppleထိပြီး 2nd MBကို နှစ်ခါပြန်တက်ထားရတာလေးပါပဲ။
Yixing က Game အိုး Game ဂျိုး ဖြစ်ပြီး အင်မတန်မှပင် Gameကြိုက်သော ကောင်။
ညီအစ်ကိုနှစ်ယောက်ရှိပြီး အစ်ကိုဖြစ်သူ Yifanကလည်း သူ့လို ဆေးကျောင်းသား။ သူ့အစ်ကိုကတော့ ဘောသမား။ဘောလုံးမှ ဘောလုံး။ ဘောလုံးကန်ရရင် Final Examလွတ်လည်း ရတယ်ဆိုပြီး 3rd MBကို နှစ်နှစ်ပြန်တက်ရတဲ့ အကိုကြီးပေါ့။
သူ့တို့ ညီအစ်ကို တွေက ဇနဲ့ပင်။ နောက်တော့ မိဘတွေနဲ့ နားလည်မှု ယူကာ Suppleလောက်တော့ ဖြစ်အောင်လုပ်ကြလေရဲ့။Yixingက ပထမနှစ်ကတည်းက ကောင်မလေး တချို့ကိုလိုက်သေးပေမဲ့ ဘယ်သူကမှ လက်မခံခဲ့။
ဆေးကျောင်းသားတွေ ခေတ်စားတဲ့ ခေတ်မှာတောင် သူက ပြုတ်ကျ ကျန်ခဲ့သည်။
ပြောလည်း မနေနဲ့ လူကလည်း စုတ်စုတ်ချာအောင်နေတာကိုး။ကြိုက်ရင်လည်း လှမှ ၊ သွားပြောရင်လည်း ဟိုက တခြားသူကို ညိသွားတာပင်။
ခုတော့ သူလည်း ကံတက်လာပြီထင် ၊ ကောင်မလေး တစ်ယောက်ကိုပြောတာ အခြေနေကောင်းတယ်ဟု ကြားရသည်။
အဲ့ဒါလည်း သူတို့ သုံးယောက် ပြိုင်လိုက်နေတဲ့ ကောင်မလေး။