(Zawgyi)
မာမားကပြောတယ် ဒီနေ့ Xiao Zhan မလာဘူးဆိုတော့.
Wang Yi Bo လေ တစ်ခြားသူ မဟုတ် သူဒီနေ့နှိပ်စက်ရန် အစီအစဉ်ရှိသေးသည်မဟုတ်ပါလော သူဒီနေ့လာမှဖြစ်မယ် တကယ်နေမကောင်းတာဟုတ်ရဲ့လား သူ တခြား ကိစ္စ ရှိလို့ နေမကောင်းချင်ယောင်ဆောင်တာနေမယ် ဆိုတဲ့ မေးခွန်းပေါင်းများစွာနှင့်တကွ စာသင်နေတာကိုလဲ စိတ်မဝင်စားပေ
နောက်ဆုံး ဆုံးဖြတ်ချက်
မယုံလို့ ကျောင်းထိလိုက်သွားမည်။
ကျောင်းဆင်းချိန် အိမ်သို့တန်းမပြန်ပဲ Xiao Zhanတို့ကျောင်းဖက်သို့ထွက်လာသည်
သူတို့ အဆောင်ရှေ့ရောက်တော့ ကျောင်းသားတွေ အိမ်ပြန်တဲ့ အချိန်ဖြစ်နေတော့ လူတော့ တော်တော်မရှိ.
မီနစ် ၃၀ လောက်အထိ အဆောင်ရှေ့ ထိုင်စောင့်နေခဲ့သော်လည်း xiao zhan အရိပ်တောင်မတွေ့ရ.
စိတ်မရှည်တာနဲ့ အဆောင်ထဲ ၀င်သွားပြီး လိုက်ပါတ်ရှာနေမိသည်။ မတွေ့
ထို့နောက် ကျောင်းဖက်သို့ထွက်လာပြီး တခန်းဝင်တခန်းထွက်လိုက်ရှာမိသည်
ပထမ ထပ် ဒုတိယထပ် ပန်းချီခန်း အနုပညာ ခန်းတွေ ထဲလည်း ၀င်ကြည့်တယ် အရိပ်တောင်မတွေ့ရဘူး
ဒီ ဘဲကြီးတော့ ကျောင်းပါ မလာတာလား မသိ.
ကျောင်းကိုပတ်နေရင်း ရုတ်တရက် အနောက်ကနေ ကြားလိုက်ရတဲ့ အသံကို အာရုံစိုက်နားထောင်မိသည်
"အင်းပါ ဟုတ်ပါပြီ ဒါဆိုငါပြန်တော့မယ်နော် ကျန်တာတွေကို တချက် မေတ္တာရပ်ခံပါတယ်နော်"
“Zhan Geဒါတွေကို စိတ်မပူပဲအိမ်ကိုသေချာပြန်ပါ အိမ်ရောက်ရင် မက်ဆေ့ခ်ျ ပို့လိုက်နော် ဂရုတစိုက်လည်း ပြန်အုန်း”
xiao zhanလဲ လက်ပြနှုတ်ဆက်ကာ အခန်းပြင်သို့ထွက်လာလေသည်
Xiao Zhan အခန်းတစ်ခန်းထဲက ထွက်လာတာမြင်တာနဲ့ YiBo တစ်ယောက်ထောင့်တနေရာမှာပုန်းနေလိုက်ပြီ နောက်ယောင်ခံ လိုက်ဖို့ ကြိုးစားကာ အကာအကွယ်နဲ့ ပုန်းနေလိုက်သည်။
Xiao Zhan ကတော့ သူ့ကို မမြင်ပဲ အဆောင်အပြင်ဘက် ထွက်ဖို့ လှေကားကနေဆင်းသွားတော့သည်။
YOU ARE READING
UNINTENTIONALLY
أدب الهواةWe never know other's story unless that person decide to tell other. It's unintentionally 💘