ခွပ်
"မင်းတို့တွေ ဘာအသုံးကျလဲ ဟင်ပြောလေ လူတစ်ယောက်ကိုတောင်နောက်ယောင်ခံမလိုက်နိုင်ရအောင်မင်းတို့ ဘာတွေလုပ်နေကြတာလဲ
ဟမ်ဖြေကြလေဟာကွာ"ဒုန်း
ရုံးခန်းထဲက Filesတွေအားလုံးက ကြမ်းပြင်ပေါ်မှာ ခစားလျက်။အနက်ရောင်ဝတ်ထားတဲ့ တည်တည်တံ့တံ့ယောက်ျားများကလည်းခေါင်းပင်မော့မလာနိုင်ကြပါ။
ချောမောလှတဲ့ကောင်လေး တစ်ယောက်ရဲ့ဒေါသတကြီးအော်သံတွေကလည်း မကြားချင်မှ အဆုံးပင်။နီရဲကာဒေါသထွက်နေပုံက ရုပ်ကလေးနှင့်ပင်မလိုက်ဖက်။
"သွားလိုက်တော့ အခု ငါ့မျက်စိရှေ့က ထွက်သွားကြ ငါဒီထက်ပိုပြီး စိတ်မတိုလာခင်သွားတာအကောင်းဆုံးပဲ"
အသက်ကိုပြင်းပြင်းရှူ ကာဒေါသတွေကိုလျော့ချနေတဲ့ သူတို့ bossရဲ့ စကားကြောင့်အားလုံး အလျိုလျို ထွက်သွားကြသည်။
အသက်ရှူ သံပြင်းပြင်းရဲ့နောက်မှာ တဖြည်းဖြည်းတည်ငြိမ်လာတဲ့ကောင်လေးက မဆိုသလောက်ဆိုသလို ညိုတာလေးက လွဲရင်လုံးဝအကြည့်လွှဲမရအောင်ချောသူပင်။ညိုဖျော့ဖျော့ အသားအရောင်လေးက အားနည်းချက်မဟုတ်ပဲ အားသာချက်တစ်ခုလိုပင်လူတိုင်းလိုလိုကို ဆွဲဆောင်နိုင်လွန်းသည်။
အပ်ကျသံတောင်မကြားရနိုင်အထိ တိတ်ဆိတ်လွန်းတဲ့ အခန်းထဲမှာ ဦးနှောက်ထဲကိုမေးခွန်းတစ်ခုက ဝင်ရောက်လာသည်။
ငါချစ်တဲ့ အချစ်တွေက သင့်လျော်ရဲ့လား. . .
တစ်ချို့တွေကပြောကြတယ်သူ့နှလုံးသားလေးကို ကိုယ်ပိုင်ဆိုင်တာမျိုး သူနဲ့ကိုယ်နှစ်ဦးနှစ်ဖက်ချစ်နိုင်တာမျိုးကမှ အချစ်တဲ့ . . .
တချို့ကတော့ အချစ်ဆိုတဲ့အရာက
အရမ်းဆန်းကြယ်လွန်းတယ်လို့ပြောကြပြန်ရောတချို့ကြတော့လည်းပေးဆပ်ရုံ သပ်သပ်ပဲတဲ့လေ . . .
တကယ်ချစ်ရင်မပိုင်ဆိုင်ရလည်း သူ့အပြုံးတွေနဲ့တင်ရောင့်ရဲနိုင်ရတယ်ဆိုတဲ့ လူတွေလည်း
ရှိပြန်ရော . . . . .
YOU ARE READING
Just a Villain(One Shot)
Romanceငါဆုံးရှုံးသွားတဲ့ အရာတွေကို မြင်အောင်မကြည့်ပါနဲ့ အဲ့ဒီ့အစား အရာအားလုံးကို စွန့်လွှတ်ရဲတဲ့အထိ ချစ်ခဲ့တဲ့ ငါ့အချစ်တွေကိုပဲ မြင်အောင်ကြည့်ပေးပါ Oh Sehun × Kim jongin #Sekai