Slow dancing in my heart

641 45 0
                                    


"""""""""""

"ဆရာ..... "

ပြေးဝင်လာသည့် Leoလေးရဲ့မေမေ

"အဆင်ပြေသွားမှာပါ.....
အဆင်ပြေသွားမှာပါ.... "

အပိုစကားတွေဖြစ်နေမှန်းသိသည်
ဒီလိုအချိန် ဒီလိုအခြေအနေ
ရောက်လာရမည်မှန်းသိသည်
သို့ပေမယ့်....
စောသေးသည် စောလွန်းသေးသည်

"ဆရာ သားလေး....သားလေး...."

ဖောင်းအစ်နေသည့်မျက်ခွံနှင့်နီရဲ
နေသည့် မျက်လုံးတို့
ဒီသောက ဘယ်လောက်ကြီးမှန်း
မသိပဲနေမလား.....

ညီရော.....ညီမျော်နေတော့မလား
ပွဲက 6 နာရီစမည်
Leoလေးနဲ့ပွဲမစမီ ဂုဏ်ပြုစကား
သွားပြောဖို့ စောစောရောက်လာခဲ့မည်
ဟု ကြိုပြောထားခဲ့သည်

ခုပင် 5 နာရီခွဲပြီးနေပေပြီ
ကိုယ်တောင်းပန်ပါတယ် ညီ
ကိုယ်......

""""""""""""""""

တစ်ခန်းဝင်ကပြီး ပြန်ဝင်ခဲ့သည်အထိ
P ရောက်မလာခဲ့သေး...
လွတ်နေတဲ့ ခုံနေရာနှစ်ခုက
P နဲ့ Leoလေးရဲ့နေရာမှန်း သိသည်မို့

ဘာဖြစ်နေတာလဲ P

စောစောရောက်လာမည်ဆိုပြီး...

"Krist မင်းအလှည့်ရောက်တော့မှာ
နော် အသင့်ပြင်တော့..."

"ဟုတ်ကဲ့ ဆရာ...ပြီးတော့ singto
ဆိုတဲ့နာမည်နဲ့လူ ရောက်လာခဲ့ရင်
စင်ထောင့်မှာ နေရာပေးထားပေးပါ
ဆရာ.."

ခုံဆီရောက်ဖို့က မဖြစ်နိုင်တော့...
P ရောက်လာခဲ့လျှင် တွေ့ချင်သည်မို့

"ဟင်း.....Krist ဒီတလော မင်းကို
ငါကြည့်မရဘူးနော်...အဲ့ဆရာဝန်
ဆိုသည့်လူနဲ့ တတွဲတွဲဖြစ်နေတယ်
အကတိုက်တာလည်း ကောင်းကောင်း
မလုပ်ဘူး...မင်း..."

"R......ဆရာ....ကျွန်တော်ဝင်ရတော့မယ်
ပွဲပဲကနေပြီကို ဆရာကလည်း...
မဆူနဲ့တော့..."

"သွားတော့.....စောင့်နေတော့..."

ထွက်လာခဲ့ပေမယ့် နောက်ဆံတင်း
နေသည်
စူးအောင့်လာပြန်သည့် ဝေဒနာတို့ကြောင့်
စိတ်ခံစားချက်ကပိုဆိုးသည်
P နဲ့တွေ့ချင်တယ်.....

တွေ့ချင်တယ်.... P

"""""""""""""

"ဟာ.....ခန်းမကပိတ်သွားပြီဗျ..ဝင်လို့မရ
တော့ဘူး..."

Slow Dancing In My Heart(complete)Donde viven las historias. Descúbrelo ahora