Feelings

1K 16 0
                                    

Given ဆိုတဲ့ anime ရဲ့ ep 8 and 9 ကို
ကိုယ် ကြည့်ပြီးတော့
ကိုယ်ခံစားမိတာကို ရေးထားတဲ့စာလေးပါ
အဟိ တစ်နေရာရာမှားနေရင်လည်းခွင့်လွှတ်နော်😆

လူနှစ်ယောက် ရေစက်တစ်ခုကြောင့်တွေ့ ဆုံခဲ့ကြတယ်
သူတို့ နှစ်ယောက် က ငယ်သူငယ်ချင်းတွေပေါ့
သူတို့ နှစ်ယောက် ကထူးဆန်းတယ်
တစ်ယောက်ထဲရှိနေတဲ့အချိန်တွေဆိုရင် တစ်ယောက်ချင်းစီမှာ
တစ်ခုခုပျောက်ဆုံးနေသလို မပြည့်စုံသလိုခံစားရလိမ့်မယ်
ဒါပေမဲ့ သူတို့ နှစ်ယောက် အတူတူရှိနေရင်
တစ်ယောက်ရဲ့မပြည့်စုံမှုကို
တစ်ယောက်ကဖြည့်ဆည်းပေးနေသလိုမျိုး
အဲ့တာကြောင့်သူတို့နှစ်ယောက်က အမြဲအချင်းချင်းလိုအပ်နေတယ်
အဲ့လိုနဲ့ နှစ်ယောက် က ချစ်သူတွေဖြစ်လာခဲ့တယ်
အရမ်းကိုသာမန်ဆန်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ
သူတို့နှစ်ယောက် ခွဲခွာဖို့အချိန်ရောက်လာတာကတော့
တက်ရမဲ့ကျောင်းမတူတော့တဲ့အချိန်ပေါ့
ကျောင်းမတူတော့တဲ့အချိန် Yukiကbandတစ်ခုထဲကိုဝင်ခဲ့တယ်
အရာအားလုံး ပုံမှန်လည်ပတ်နေခဲ့တယ်
အဲ့နေ့မတိုင်ခင်အထိပေါ့
တစ်နေ့Yuki နဲ့ Mafuyu ရန်ဖြစ်ခဲ့တယ်
နောက်နှစ်ရက်အထိ Yukiကအရက် ပဲသောက်နေခဲ့တယ်

ပြီးတော့ Yuki က..........သတ်သေခဲ့တယ်

Mafuyuမသိခဲ့တဲ့ Yuki ရဲ့ စိတ်ရင်းတွေ

Yuki မသိခဲ့တဲ့ Mayufu ရဲ့ စိတ်ရင်းတွေ

Mafuyu ကအရမ်းက်ုအေးအေးဆေးဆေးနေတတ်တဲ့
ကောင်လေး ဒါပေမဲ့ သူဂီတကိုနှစ်သက်တယ်ဆိုတာကိုYuki သတိထားမိတယ် ဘာလို့လဲဆိုတော့ Mafuyu က အားတဲ့အချိန်တိုင်း သံစဉ်လေးတစ်ခုကို ညည်းမိနေလို့ပဲ
Mafuyu အဲ့သံစဉ်လေးကို ညည်းတိုင်း Yuki ကအမြဲ Mafuyu ကို တစိမ့်စိမ့်ထိုင်ကြည့်နေတတ်တယ်

တစ်နေ့ သူတို့နှစ်ယောက် ကမ်းခြေသွားခဲ့တယ်

"အာ ငါ ကမ်းခြေကို ဒါပထမဆုံးရောက်ဖူးတာထင်တယ်"လို့
Mafuyu ကပြောတယ်

ညနေစောင်းတဲ့အထိ ကမ်းခြေကနေ မပြန်ကြသေးတော့
Mafuyu က"ဘာလို့မပြန်သေးတာလဲ" လို့မေးတော့
Yuki ကပြန်ဖြေတယ် "မင်းလက်ကိုဆွဲပြီး ကမ်းခြေကို ပထမဆုံးခေါ်ဖူးလာတဲ့ သူကငါဆိုတာကို မင်းကိုမမေ့စေချင်လို့" တဲ့.....

"ငါ့ရဲ့ ပထမဆုံး အရာအများစုက မင်းနဲ့ပဲသက်ဆိုင်နေတာတောင်
မင်းကငါ့ရဲ့ ပထမဆုံးတွေကိုထပ်လိုချင်နေသေးတာလား" လို့ Mafuyuမေးတော့
Yuki က အပြုံးလေးတစ်ခုပဲနဲ့ပြန်ဖြေခဲ့တယ် "အင်း... "

ကျောင်းပြောင်းပြီးတဲ့အချိန် Yuki က Mayufu ကို
အမြဲသတိရနေမှာပါဆို တဲ့စိတ်နဲ့ band ထဲဝင်ခဲ့တာ
Yuki က Mafuyu ဂီတကို နှစ်သက်တာသိလို့
သူအမြဲညည်းနေတဲ့ သံစဉ်လေးနဲ့
Mafuyu အတွက် သီချင်းတစ်ပုဒ်စပ်ပေးချင်ခဲ့တာ
အဲ့စိတ်ကိုတော့ Mafuyu ကသတိမထားခဲ့မိဘူး
အဲ့လိုပဲ.....

Mafuyu ကလည်း Yuki bandတဲ့ဝင်တဲ့အချိန်
Yuki ဆီကနေ "ငါနဲ့အတူတူ band ထဲဝင်ပါလား"
ဆိုတဲ့စကားကိုကြားချင်မိခဲ့တာ

သူတို့နှစ်ယောက်က အမြဲတစ်ယောက်ကိုတစ်ယောက်
လိုအပ်နေခဲ့တယ် သူတို့နှစ်ယောက် ကွဲကွာ သွားရတဲ့အချိန်မှာ
စိတ်တွေမတည်မငြိမ်ဖြစ်ပြီး နှစ်ယောက်သားရန်ဖြစ်ခဲ့တယ်

အဆိုးဆုံးကတော့ ရန်ဖြစ်နေရင်းနဲ့ Mafuyu ပါးစပ်ကနေ
အရမ်းရက်စက်လွန်းတဲ့စကားတစ်ခွန်းထွက်ခဲ့တယ်
အဲ့စကားကတော့"ဒါဆို ငါ့အတွက် မင်းသေပေးနိုင်မလား"တဲ့

Yuki ကတကယ်ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်

တစ်ယောက်ရဲ့စိတ်ရင်းက တစ်ယောက်ရဲ့နှလုံးသားဆီကို
မရောက်လာနိုင်ခင်မှာပဲ Yuki သေသွားခဲ့တယ်

"ဘယ်နေရာကိုသွားသွား မင်းကအဲ့နေရာမှာရှိနေတယ်
ငါ့ ခေါင်းထဲမှာလည်း မင်းကအမြဲတမ်းရှိနေတယ်
ငါမြင်တဲ့အရာတိုင်းမှာလည်းမင်းကရှိနေတယ်
ငါမင်းကိုခွင့်မလွှတ်ဘူး ငါ့ကိုယ်ငါလည်းခွင့်မလွှတ်ဘူး
ဒါပေမဲ့အခုထိ Yuki ရေ ငါမင်းကို အရမ်းလွမ်းတယ်"

အသက်ရှင်ကျန်ခဲ့တဲ့ Mafuyu ဘယ်လောက်တောင်နာကျင်ခံစားရမလဲဆိုတာတော့ သူကိုယ်တိုင်စပ်ထားတဲ့
သီချင်းစာသားကတစ်ဆင့် သိနိုင်လိမ့်မယ်......

Given Where stories live. Discover now