ZAWGYI
Hoseok~
"မောင်ရင်အတွက် နေစရာတိုက်ခန်းနဲ့ ကားအပြင် လစာဝင်ငွေကောင်းကောင်းရစေရမယ်ဆိုရင်ကောလက်ခံနိုင်မလား"
ဤတောင်းဆိုချက်သည် လူတစ်ယောက်အသက်ကိုကယ်တင်မိရာကစတင်တယ်လို့ပြောရင် ထူးဆန်းနေမည်ထင်။
ကျေးဇူးဆပ်သည်ဆိုကာ များပြားလွန်းတဲ့ငွေကြေးပမာဏပါဝင်သော Cheque လက်မှတ်နဲ့တစ်ဆက်တည်း ကမ်းလှမ်းလာတဲ့စကားသည် ရှည်ရှည်ဝေးဝေးမစဉ်းစားသူဆိုရင်တော့ဖြင့် လက်ခံချင်စရာတော့ကောင်းလွန်းရဲ့...
"ကျွန်တော် ဥက္ကဌကြီးရဲ့မြေးကို မှဲ့တစ်ပေါက်မစွန်းအောင်စောင့်ရှောက်နိုင်တယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ်..
ဒါပေမယ့် သူ့အတွင်းရေးမှူးအနေနဲ့ပါတာဝန်ယူပြီးနေပေးရမယ်ဆိုတာကတော့...
.
.
.
ဥက္ကဌကြီး မသိသေးတာလားမပြောတတ်ပေမယ့်
ကျွန်တော်က ကျောင်းတဝက်တပျက်နဲ့ထွက်လာတဲ့သူပါ။ ဘွဲ့တောင်မရခဲ့ဘူး...
ပြီးတော့ ဥက္ကဌကြီးမသိလောက်သေးဘူးထင်တယ်။ ကျွန်တော့်အလုပ်လုပ်နေတဲ့နေရာကထွက်လာဖို့ဆိုတာကမဖြစ်နိုင်ပါဘူး...."
"မောင်ရင်ဘယ်အဖွဲ့အစည်းရဲ့လက်အောက်မှာအလုပ်လုပ်နေတာလဲဆိုတာသာပြောလိုက်ပါ... အဖိုးတို့ဘက်ကအဆင်ပြေအောင်စီစဉ်ပေးမယ်။
အဲ့တာက မူးယစ်ဆေးဂိုဏ်းဆိုရင်တောင်မှပေါ့...
အဲ့ဒိအပိုင်းကိုစိတ်မပူဖို့ မောင်ရင့်ကိုပြောချင်ပါတယ်။
ပြီးတော့.......
လုပ်ငန်းနားမလည်တာအတွက်စိတ်မပူပါနဲ့...
ခုဏက ကနဦးသတ်မှတ်ထားတဲ့ အချိန် အတောအတွင်း မောင်ရင်သိသင့်တာတွေ နားလည်ထားသင့်တာတွေကို အဖိုးတို့ဘက်ကသင်ပေးသွားမှာပါ။"
သူတို့ကမ်းလှမ်းလာတဲ့ 6 လဆိုတဲ့အချိန်အတွင်း သူတို့လုပ်ငန်းအကြောင်း ကျွန်တော်ဘယ်လောက်သိလာနိုင်မှာမို့လို့လဲ?
YOU ARE READING
My Bodyguard (Completed)
FanfictionWhen I saw you I fall in love And you smiled Because you knew it 💜 Jung Hoseok x Kim Taehyung Written by : Voper9495 cover : JJH