မုန်တိုင်းမလာခင်လေပြေတိုက်သလိုကောနဲ့ကျွန်တော်တို့ဆက်ဆံရေးမှာအခုတလောပြေလည်နေပြီဖြစ်သည်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ပျက်သမျှအရာအားလုံးကိုမမေ့နိုင်ပေမယ်ကောမသိအောင်ဖုံးကွယ်ထားမိသည်ချစ်တယ်ဆိုတဲ့ကောရဲ့စကားတစ်ခွန်းဟာအဖြစ်မှန်သာသိရင်မြူမှုန်လိုကွယ်ပျောက်သွားနိုင်သည်
'ရိပေါ်ကောတို့ဒီနေ့လမ်းထွက်လျှောက်ကြမလား'
'ကောနဲ့အတူတူလား'
'ဘာလို့လဲမသွားချင်လည်းရပါတယ်'
'မ……မဟုတ်ပါဘူး'
'ဒါဆိုလာသွားမယ်အနွေးထည်ယူခဲ့ဒီနေ့အရမ်းအေးတယ်'
'ဟုတ်ကော'
ရှောင်ကျန့်ရိပေါ်အားဆေးတိုက်ပြီးအိမ်ပြင်ဘက်သိုခေါ်လာလေသည်
'ကောတို့ဘယ်ကိုသွားကြမလဲ'
'ကောသဘောပါ'
'ရပ်ကွက်အစွန်မှာကစားကွင့်ရှိတယ်အဲ့ကိုသွားရအောင်'
'ဟုတ်ကော'
'ဟို ကောကျွန်တော်ကောလက်ကိုကိုင်လို့ရမလား'
ရှောင်ကျန့်ပြန်မဖြေပဲတိတ်ဆိတ်နေသဖြင့်'ဟိုအဆင်မပြေရင်လည်း ……'
ရိပေါ်စကားများမဆုံးခင်ရှောင်ကျန့်ရဲလက်နွေးနွေးလေးသည်ရိပေါ်လက်လေးအားဆုပ်ကိုင်လိုက်ပေသည်'ရိပေါ်ထိုလက်လေးအားကြည့်ကာပြုံးနေလေသည်
'ရိပေါ်ထိုင်'
ကစားကွင်းရောက်သောအခါရှောင်ကျန်ရိပေါ်အားဒန်းပေါ်သို့ထိုင်ခိုင်းလိုက်ပြီး
'ဟုတ်ကော'
'သေချာကိုင်ထားနော်'
'ဘာ……ဘာလုပ်မလို့လဲကော'
ရှောင်ကျန့်ရိပေါ်ဒန်းအားလွဲပေးလိုက်ပြီး
'ကော အ……အမြင့်ကြီးကျွန်တော်ကြောက်တယ်ကောပြုတ်……ပြုတ်ကျလိမ့်မယ်'
'ကောကိုယုံတယ်မလားကလေးပြုတ်ကျရင်ကောဖမ်းပေးမယ်'
'ဟုတ် ……ဟုတ်ကော'
အချိန်အနည်းငယ်ကြာပြီးနောက်
'ကောဘာလို့ရပ်လိုက်တာလဲ'
VOUS LISEZ
Don't leave me (complete){zawgyi and unicode}
Roman d'amourဟုတ်တယ်ကျန့်ကောကျွန်တော်ကအရူးဒါပေမယ့်လေကျွန်တော်ကျန့်ကောကိုတစ်ကယ်ချစ်တာကျန့်ကောကိုပိုင်ဆိုင်ချင်ပေမယ့်ကျန့်ကောမုန်းသွားမှာကျွန်တော့အရမ်းကြောက်တယ်ကျန့်ကောကျွန်တော့်ကိုမချစ်ရင်နေပါကျွန်တော့်နားကမထွက်သွားပါနဲ့ ဝမ်ရိပေါ် မင်းအရမ်းအတ္တကြီးတယ်ရိပေါ်ငါမင်းကို...