🐯1🐣

2.2K 97 30
                                    

နျဲ့မင်​ဂျွယ်​ ကုတင်​​ပေါ်မှာ အိပ်​​ပျော်​​နေတဲ့ ညီငယ့်​ကို ကြည့်​ပြီး သက်​ပျင်းဖွဖွ ချလိုက်​မိသည်​။ နျဲ့မင်​ဂျွယ်​ဆိုတာ သူ​တော်​ဂိုဏ်း ၅ ဂိုဏ်းထဲ က တစ်​ဂိုဏ်းဖြစ်​တဲ့ ချင်းဟယ်​နျဲ့ဂိုဏ်း ရဲ့ ဂိုဏ်း​ခေါင်း​ဆောင်​ ဖြစ်​သည်​။ ဖခင်​ဖြစ်​သူ နဲ့ မိခင်​ဖြစ်​သူ ​သေဆုံး သွားချိန်​ နျဲ့မင်​ဂျွယ်​ မှာ အသက်​၁၃ နှစ်​တာ ရှိ​သေးပြီး ညီဖြစ်​သူ နျဲ့ဟွိုက်​ဆန်း က​တော့ ၈ နှစ်​ အရွယ်​ဖြစ်​သည်​။ ဖခင်​ ဆုံးပြီး​နောက်​ပိုင်း တိုက်​​ရေးခိုက်​​ရေးမှာ တစ်​ဖက်​ကမ်းခတ်​ ​တော်​လွန်းတဲ့ နျဲ့မင်​ဂျွယ်​က ​အသက်​ငယ်​ငယ်​ရွယ်​ရွယ်​ နဲ့ ဂိုဏ်းချုပ်​ ဖြစ်​လာခဲ့သည်​။

ဂိုဏ်းချုပ်​ ဖြစ်​လာတာနဲ့ အမျှ များပြားလှတဲ့ ကိစ္စ​တွေ ​ဖြေရှင်းရတာနဲ့ ညီငယ်​​လေးကို ဂရုမစိုက်​နိုင်​။ အခု​တော့ မင်​ဂျွယ်​ အသက်​က ၂၀ ရှိပြီ။ ညီငယ်​ ကလည်း ၁၅ နှစ်​ပြည့်​လို့ မကြာခင်​မှာ ကူစူးလန်​မှာ စာသွားသင်​​တော့မည်​ဖြစ်​သည်​။ ညီဖြစ်​သူ တစ်​​ယောက်​တည်း ပညာသွားသင်​မှာကို  စိတ်​မချ​ပေမယ့်​ ​နောင်​တစ်​ချိန်​ သူမရှိ​တော့တဲ့ အချိန်​ကျရင်​ ညီဖြစ်​သူက ဂိုဏ်းကို ဦးစီးရမည်​။ ညီ ဖြစ်​သူကို သူလိုဘဲ တိုက်​​ရေးခိုက်​​ရေး​တွေမှာ ​တော်​​စေချင်​​ပေမယ့်​ ညီဖြစ်​သူက​တော့ စာ​ပေကလွဲ ဘာမှ စိတ်​မ၀င်​စား။ ထို​ကြောင့်​ တစ်​ခါတစ်​​လေ အနိုင်​ကျင့်​ခံ ရတာ​တွေလည်း ရှိခဲ့သည်​။

*အင်းးး!! ​ကော *

*အိပ်​​ရေးဝရဲ့လား က​လေး​လေး။*

*အဟင့်​ ​ကော ကျွန်​​တော်​ ၁၅ နှစ်​ရှိပြီဗျ။ က​လေး​လေးလို့ မ​ခေါ်နဲ့။*

*​ကော အတွက်​က​တော့ ဟွိုက်​ဆန်းက လုံးဝ က​လေး​လေးဘဲ။ ကဲထ​တော့ ညစာစားရ​အောင်​*

*အချိန်​ က အဲ့​လောက်​​တောင်​ ရှိသွားပြီလား။*

*အင်း*

မင်​ဂျွယ်​ ညီဖြစ်​သူကို ​ပွေ့ချီလိုက်​ပြီး ​ရေချိုး​တော်​​ဆောင်​သို့ ထွက်​လာလိုက်​သည်​။

အစ်​ကိုကြီး အဖရာWhere stories live. Discover now