Zawgyi
ကေလာင္နာမည္ဆိုတာ စာေရးသူတစ္ေယာက္အျဖစ္ရပ္တည္ေတာ့မယ္လို႔ဆံုးျဖတ္လိုက္ၿပီးဆိုတာနဲ႔ လိုအပ္ပါတယ္ေနာ္။ နာမည္ေလးကအေရးလည္းႀကီးပါတယ္။ ကိုယ့္နာမည္ရင္းကိုသံုးတာက အဆင္ေျပတယ္ဆိုေပမယ့္ ဆန္းဆန္းျပားျပားေတြေပးခ်င္လာတဲ့အခါက်ေတာ့ ေခါင္းကိုက္ေရာေပါ့။ တခ်ိဳ႕ကေတာ့ အလြယ္တကူပဲေပးလိုက္ၾကတယ္။
ကေလာင္နာမည္ဆိုတာ အေရးႀကီးပါတယ္။ ကိုယ့္စာဖတ္သူကကိုယ့္ကိုသတိျပဳမိမယ့္နာမည္ပါ။ ကေလာင္နာမည္ႀကီးက႐ွည္မယ္။ မွတ္ရခက္မယ္ဆိုရင္ ကိုယ့္နာမည္အစား ဟိုဝတၴဳေရးတဲ့သာသာကေလဆိုၿပီးေတာ့ပဲျဖစ္သြားမွာပါ။ ဒီေတာ့ကေလာင္နာမည္ကိုေသခ်ာေ႐ြးၾကေစခ်င္ပါတယ္ေနာ္။
ကေလာင္နာမည္ကိုအဓိပၸါယ္အမ်ိဳးမ်ိဳးနဲ႔ေပးၾကပါတယ္။ တခ်ိဳ႕ကကိုယ္ႏွစ္သက္ျမတ္ႏိုးတာေလးေတြ၊ နာမည္လွလွေလးေတြေပးၾကပါတယ္။ Candy Caneတို႔ဘာတို႔ေပါ့ေနာ္။ တခ်ိဳ႕ကေတာ့ အထူးသတ္မွတ္ခ်က္ေလးေတြ႐ွိတယ္။ လိပ္ျပာျဖဴဆိုတဲ့ကေလာင္နာမည္ဆိုရင္ စိတ္ဝိညာဥ္ကိုကိုယ္စားျပဳထားတာပါ။ အႏုပညာကိုဖန္တီးတယ္ဆိုတာ စိတ္ရဲ႕သက္ေရာက္မႈအမ်ားႀကီးလိုပါတယ္။ ဒါ့အျပင္ စာကိုဖတ္ရတဲ့သူေတြအတြက္ စိတ္အဟာရ ရသသုတတစ္ခုခုကို ေပးခ်င္လို႔။ စိတ္ဝိညာဥ္ကို သက္ဝင္ေပ်ာ္ရႊင္ေစခ်င္လို႔ ေပးထားတဲ့ကေလာင္နာမည္ပါ။
ကေလာင္နာမည္ကသူမ်ားကိုေပးခိုင္းတာထက္ ကိုယ့္ဘာသာေပးတာအေကာင္းဆံုးပါ။ သင့္ေတာ္တဲ့နာမည္ကိုကူညီစဥ္းစားေပးခိုင္းတာေတာ့ တစ္မ်ိဳးေပါ့ေနာ္။
ကဲ… ကေလာင္နာမည္နဲ႔ပတ္သတ္လို႔ဘယ္လိုထင္ၾကလဲ? ကိုယ့္ကေလာင္နာမည္ေလးေတြကေရာဘာအဓိပၸါယ္ေလးေတြ႐ွိေနလဲ?
#ျပာျပာ
Unicode
ကလောင်နာမည်ဆိုတာ စာရေးသူတစ်ယောက်အဖြစ်ရပ်တည်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီးဆိုတာနဲ့ လိုအပ်ပါတယ်နော်။ နာမည်လေးကအရေးလည်းကြီးပါတယ်။ ကိုယ့်နာမည်ရင်းကိုသုံးတာက အဆင်ပြေတယ်ဆိုပေမယ့် ဆန်းဆန်းပြားပြားတွေပေးချင်လာတဲ့အခါကျတော့ ခေါင်းကိုက်ရောပေါ့။ တချို့ကတော့ အလွယ်တကူပဲပေးလိုက်ကြတယ်။
ကလောင်နာမည်ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်စာဖတ်သူကကိုယ့်ကိုသတိပြုမိမယ့်နာမည်ပါ။ ကလောင်နာမည်ကြီးကရှည်မယ်။ မှတ်ရခက်မယ်ဆိုရင် ကိုယ့်နာမည်အစား ဟိုဝတ္ထုရေးတဲ့သာသာကလေဆိုပြီးတော့ပဲဖြစ်သွားမှာပါ။ ဒီတော့ကလောင်နာမည်ကိုသေချာရွေးကြစေချင်ပါတယ်နော်။
ကလောင်နာမည်ကိုအဓိပ္ပါယ်အမျိုးမျိုးနဲ့ပေးကြပါတယ်။ တချို့ကကိုယ်နှစ်သက်မြတ်နိုးတာလေးတွေ၊ နာမည်လှလှလေးတွေပေးကြပါတယ်။ Candy Caneတို့ဘာတို့ပေါ့နော်။ တချို့ကတော့ အထူးသတ်မှတ်ချက်လေးတွေရှိတယ်။ လိပ်ပြာဖြူဆိုတဲ့ကလောင်နာမည်ဆိုရင် စိတ်ဝိညာဉ်ကိုကိုယ်စားပြုထားတာပါ။ အနုပညာကိုဖန်တီးတယ်ဆိုတာ စိတ်ရဲ့သက်ရောက်မှုအများကြီးလိုပါတယ်။ ဒါ့အပြင် စာကိုဖတ်ရတဲ့သူတွေအတွက် စိတ်အဟာရ ရသသုတတစ်ခုခုကို ပေးချင်လို့။ စိတ်ဝိညာဉ်ကို သက်ဝင်ပျော်ရွှင်စေချင်လို့ ပေးထားတဲ့ကလောင်နာမည်ပါ။
ကလောင်နာမည်ကသူများကိုပေးခိုင်းတာထက် ကိုယ့်ဘာသာပေးတာအကောင်းဆုံးပါ။ သင့်တော်တဲ့နာမည်ကိုကူညီစဉ်းစားပေးခိုင်းတာတော့ တစ်မျိုးပေါ့နော်။
ကဲ… ကလောင်နာမည်နဲ့ပတ်သတ်လို့ဘယ်လိုထင်ကြလဲ? ကိုယ့်ကလောင်နာမည်လေးတွေကရောဘာအဓိပ္ပါယ်လေးတွေရှိနေလဲ?
#ပြာပြာ
YOU ARE READING
All About Writing
Non-FictionZawgyi စာစေရးတဲ့သူေတြအတြက္ အေထာက္အပံ့ေကာင္းတစ္ခုျဖစ္ေစရန္ရည္ရြယ္၍... Unicode စာစရေးတဲ့သူတွေအတွက် အထောက်အပံကောင်းတစ်ခုဖြစ်စေရန်ရည်ရွယ်၍...