Introduction

20.5K 671 19
                                    

For Zawgyi







" ဘယ်လောက်ချစ်လဲ "


အညိုစင်လေးက ပြုံးတယ် ...



" မယုံပါဘူး "

" ဘယ်လိုသက်သေပြရမလဲ "



" သဘော "







.
.
.
.
.
.
.
.
.
.


.............

For Unicode

" မောင် ... ဦးဝေကိုတကယ်ချစ်လား "

အညိုစင်ကောင်လေးတစ်ယောက် ...

သူ့ချစ်သူဟုထင်ရသော လူငယ်လေးတစ်ယောက်ရဲ့ လက်ကလေးကို ဆွဲပြီး လှုပ်ခါယမ်းကာ မေးနေခဲ့တယ်...

လူငယ်လေးဟာ နှုတ်ခမ်းအထက်က မှဲ့လေးကော့တက်သွားအောင်ပြုံးရင်းဖြေလိုက်တယ်...

" တကယ့်တကယ်ကို ချစ်တာပေါ့ "

အညိုစင်လေးက ထပ်မေးတယ်..

" ဘယ်လောက်ချစ်လဲ "

" နှစ်ယောက်မရှိအောင်ချစ်တယ် "

အညိုစင်လေးက ပြုံးတယ် ...

ညာဘက်ပါးပြင်က ပါးချိုင့်လေးပေါ်သည်အထိ ပြုံးတယ် ..

ပြီးတော့ လှိုင်းတွန့်အလည်ခွဲဆံပင်လေးတွေကိုခါယမ်းပြီး ထပ်ပြောတယ် ...

" မယုံပါဘူး "

" ဘယ်လိုသက်သေပြရမလဲ "

လူငယ်လေးက ခေါင်းငုံ့ကာမေးတော့ ....

" သက်သေလား ... ဦးဝေ ကိုယ်တိုင် စောင့်ကြည့်နေမယ်လေ  "

" သဘော "

လူငယ်လေးက အညိုစင်ကောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်းရင်း ပေါ့ပေါ့လေးဖြေတယ် .......

" တကယ်လို့ မောင်သာ စကားမတည်ခဲ့ရင် ..... "

" မတည်ခဲ့ရင် ဦးဝေက ဘာလုပ်မလို့လဲ "

အညိုစင်လေးက  ရင်ခွင်ထဲကနေ ခေါင်းလေးမော့ကြည့်ပြီး တစ်ချက်ပြုံးပြတယ် ...

အပြုံးက မချိုမြိန်ဘူး ... အေးခဲလိုက်တာ ...

ပြီးတော့ တစ်သက်မမေ့စေမဲ့စကားကိုဆိုလိုက်တယ် ...

.
.
.
.
.
.
.
.
.
.

" ဦးဝေကိုယ်တိုင် မောင့်ကို ဦးဝေရဲ့ အချစ်နဲ့ သတ်မယ် "

သိပ္ခ်စ္လို႔ - သိပ်ချစ်လို့ ( Completed )Where stories live. Discover now