စစ်ကျွေး•••မင်း ဘာတွေ့လဲကွ။
ရှင်းယမ်•••တွေ့ တွေ့ တွေ့တယ်။ငါသေသေချာချာကိုမြင်လိုက်ရတယ်။မျက်နှာတစ်ခုလုံကိုဖြူဖွေးနေတာပဲ ပြီးတော့ ပြီးတော့
အိုရန်•••ဟာ ဘာလဲ ဆက်ပြောလေကွာ မင်းကလဲ။
ရှင်းယမ်•••တစ်ကိုယ်လုံးသွေးတွေပေနေတယ်။ပါးစပ်ကနေလဲ သွေးတွေစီးကျနေတယ်။
ကျင်းလင်•••မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား။
ရှင်းယမ်•••မယုံ ကိုယ့်ဘာသာကြည့်လေ ဒီအချိန်ကနောက်ရမဲ့အနေအထားမဟုတ်ဘူး။
ကျင်းလင်•••[သူပြောတာမယုံသောကြောင့် ကြည့်လိုက်မိပါတယ်။] ဘုရားရေ အမှန်ပဲ အသားစားဘီလူး ဒါမှမဟုတ်ရင် ဖုတ်ကောင်လားမသိဘူး။
ကျင့်ရီ•••ငါအသက်ကငယ်ငယ်လေးပဲရှိသေးတယ် ငါ ငါ မသေခြင်သေးဘူး။
စစ်ကျွေး•••ရှူး တိုးတိုးပြောပါ ကြားသွားဦးမယ်။ဒီကောင်ကြီး သတိမထားမိခင် ငါတို့ဒီနေရာကနေထွက်သွားကြရင်ကောင်းမယ်။
ရှင်းယမ်•••ဟုတ်တယ် ဒီကနေထွက်ကြရအောင် အခုအချိန်ဆို ပါပါး!! မျှော်နေလောက်ပြီ။သွားကြမယ်။
အိုရန်•••တစ်ယောက်ချင်းဆီပဲ လှုပ်ရှားကြမယ်။လာ ကျင့်ရီ မကြောက်နဲ့ငါမင်းကိုကာကွယ်ပေးမယ်။
ကျင်းလင်•••မလိုပါဘူး လာ ကျင့်ရီ ငါဆီ ငါနဲ့သွားမယ်။
အိုရန်•••မျက်နှာလို မျက်နှာအကောင် ဟွမ်း။
စစ်ကျွေး•••စကားတွေများမနေကြနဲ့ မြန်မြန်သတိထားလျှောက်ကြ [ထိုအချိန်]
ဂျွတ် ?
ကျင်းလင်•••သေပါပြီ [ကျွန်တော်တစ်ခုခုကိုတက်နင်းမိပြီး ထွက်ပေါ်လာသောအသံကြောင့် အားလုံးရဲ့ခြေလှမ်းများ "တုန့်ခနဲ" ရပ်တန့်သွားခဲ့ပါတယ်။]
YOU ARE READING
ဘဝခြားတဲ့ ရင်ခုန်သံ
Боевикအတိတ်ကိုမမှတ်မိတော့တဲ့ ဆရာလေးရှောင်ရှင်းချန် တစ်ယောက် ကံတရာကဒဏ်ခတ်ပြီးပေးတဲ့ အမှတ်တစ်ခုကြောင့် ယီမြို့တော်ကြီးသို့ပြန်လည်ရောက်ရှိသွားသောအခါ။ဖြစ်ပေါ်လာသောအကျိုးဆက်ကိုရေးသားထားတာပါ။FanFic