Part 14
Yi Enရဲ့ မျက်လုံးကိုအတန်ကြာအောင် မှိတ်ထားပြီး Jinyoungခေါ်ဆောင်ရာနောက်ကို လိုက်လာခဲ့သည်။ သူ့ခြေလှမ်းများရပ်လိုက်သည်နှင့် Yi En ရဲ့ ခြေလှမ်းများပါ ရပ်တန့်သွားခဲ့သည်။
"ကဲ ရောက်ပြီ😃... "
Jinyoungရဲ့လက်တစ်စုံ Yi En ရဲ့ မျက်လုံးပေါ်မှ ဖယ်ရှားလိုက်သည်နှင့် သူမြင်လိုက်ရသောအရာက သူ့ကို အံ့သြမှင်သက်မိစေသည်။ ထိုမျှမက ပျော်ရွှင်သော ခံစားမှုကိုပါ တစ်ပြိုင်နက်တည်း ခံစားမိလိုက်သည်။
"လှလိုက်တာ😍😍"
ပန်းနုရောင် ခြုံလွှာလွှမ်းထားသော မိန်းမလှလေးတစ်ဦးအသွင်ဖြင့် လောကကို အလှဆင်ပေးနေသော ချယ်ရီပန်းများ၏ အလှသည်ကား မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရအောင်လှပနေသည်။ နေပြောက်ပင်မထိုးအောင် ညီညာစွာ ပေါက်ရောက်နေသော ချယ်ရီပင်များကား Yi En ၏ နှလုံးသားဆီသို့ထိရောက်အောင် ကောင်းသော ခံစားမှုများစွာကို ပေးလျက်ရှိလေသည်။
သူ့ဘဝမှာ ဤမြင်ကွင်းလောက်လှသည့် မြင်ကွင်းကို တစ်ခါမှလည်း မမြင်ဖူးခဲ့ပေ။ ယခုလို Jinyoung က ခေါ်၍ပြမှပဲ မြင်ဖူးတော့သည်။ ကျွန်တော်ဟာ တိုင်းပြည်ရဲ့ အဆင့်၁ ဓားသိုင်းကျွမ်းကျင်သူ ကိုယ်ရံတော်ဖြစ်ပေမယ့် ချယ်ရီပန်း၏ လှပကျော့ရှင်းမှုကိုတော့ အလွန်ပင်မြတ်နိုးလှသည်။ ထိုပန်းကလေးများသည် ကျွန်တော့်ရဲ့ အတိတ်က ပုံပြင်လေးထဲက အစိတ်အပိုင်းတစ်ခု လို့လည်း Jinyoung ခဏ ခဏပြောဖူးလေသည်။
"Jinyoungna.. မင်း.. မင်း ဒီ ပန်းခင်းကို ဘယ်အချိန်တုန်းက ရှာတွေ့ထားတာလဲ?"
"ဒီပန်းခင်းလေးက ငါပုံဖော်ထားတဲ့ မင်းအတွက်ကမ္ဘာလေးပဲ Tuan Yi"
"ခင်ဗျာ! ကျွန်တော့်အတွက် ကမ္ဘာလေး!! ဟုတ်လား မင်းသားလေး? အဲ......"
Tuan Yi စကားကိုပြန်ပြင်ဖို့ပင်အချိန်မရလိုက်ပဲ ပါးပြင်မို့မို့လေးနှစ်ဖက်ဆီမှ နွေးထွေးမှုကိုသာခံစားလိုက်ရသည်။
"Jin...Jiyoungna... မင်း... မင်း..."
"ငါမင်းကိုပြောထားတယ်လေကွာ~ နန်းတော်ရဲ့အပြင်မှာဆို မင်းသားလေးလို့မခေါ်ရဘူးလို့။ Jinyoung လို့ပဲ ခေါ်လို့.. ဘာလို့ ဒီလောက်တောင် မှတ်မထားရတာလဲ😒"
YOU ARE READING
Yi En... Don't Leave Me
Fanficထီးနန်းလည်းစွန့်ရဲတယ် သေလည်းသေရဲတယ် အရာအားလုံးလည်းအဆုံးရှုံးခံရဲခဲ့တဲ့ငါဟာ မင်းမရှိပဲနဲ့တော့ မနေနိုင်ခဲ့ဘူး Yi En....