အပိုင်း-၃၇(အပိုငျး-၃၇)

5K 481 59
                                    

Zawgyi

ချန်​​ယောလ်​​မွေး​နေ့မ​ရောက်​ခင်​ 15ရက်​အလို. . .

"ကိုကို​ရေ့ ချန်​ ဂျွန်​ဂျွန့်​ဆီသွားမို့"

လွယ်​အိ​တ်​မိုးပြာ​ရောင်​နဲ့က​လေးက တက်​ကြွ​နေတာမို့ ဘတ်​ဟျွန်းတစ်​ချက်​ပြုံးလိုက်​သည်​။

"​နောက်​မကြ​စေ​နဲ့​နော်​ ညမှပြန်​လာမယ်​ဆို ကိုကိုဝင်​​ခေါ်မယ်​ ဟုတ်​ပီလား"
"ဟုတ်​ ဟီး"

အလုပ်​ကိစ္စအ​ရေးကြီးတာကိုနားလည်​ပုံရတဲ့က​လေးက ဘတ်​ဟျွန်းကိုမပို့ခိုင်းပဲ ဆန်း​ယော့ကိုသာလိုက်​ပို့ခိုင်း​လေရဲ့။

ဘတ်​ဟျွန်း ကုမ္ပဏီ​ရောက်​​တော့ ပုံ​နေတဲ့အလုပ်​​တွေကိုအချိန်​သက်​မှတ်​ပီးရှင်းရ​တော့သည်​။

"​ဘော့စ်​ လက်​​ထောက်​ဂင်​မ်​​ရောက်​​နေပါတယ်​"
"လွှတ်​လိုက်​"

လော​လော ​လော​လောနဲ့ဝင်​လာတဲ့ ဂင်​မ်​မျက်​နှာက အပျက်​ပျင်​အယွင်းယွင်း။

"​ဘော့စ်​~"

ဘာလို့ ခံစားချက်​မ​ကောင်းတဲ့အ​ငွေ့အသက်​​တွေရ​နေတာလဲ။

ဂင်​မ်​ကမ်း​ပေးလာတဲ့ စာရွက်​ကိုကြည့်​လိုက်​​တော့ "D-Day" ဆိုပီး ​ရေးထား​လေသည်​။

ဖွင့်​ဖတ်​လိုက်​​တော့ ကုမ္ပဏီကို​ခြိမ်း​ခြောက်​ထားတဲ့စာ။
ဒီနှစ်​အတွက်​ best sellerဖြစ်​​နေတဲ့ perfume ကုမ္ပဏီကြီးနဲ့ collaboration လုပ်​မဲ့​ကိစ္စကို​ရှောင်​​ပေး​စေချင်​ဟန်​ ​ရေးထားတာက က​လေးအ​ရေးအသား​တွေနဲ့။

အမိဘာသာစကားကို​သေချာမသုံးတတ်​တဲ့ငပိန်းပဲ။

ခပ်​ညံ့ညံ့​အ​ရေအသား​တွေနဲ့စာကို ဟာသလိုဖတ်​​နေတဲ့ဘတ်​ဟျွန်း တစ်​​ယောက်​ တဝက်​​လောက်​အ​ရောက်​မှာပဲ မျက်​နှာကရုတ်​ချည်းခက်​ထန်​သွား​လေရဲ့။

"​ဘော့စ်​?"
"ပါတီညက ပါဆယ်​ထဲမှာဘာ​တွေပါတာလဲ"
"ဘာဖြစ်​လို့လဲ ​ဘော့စ်​"
"​ငါ​မေးတာ​ဖြေစမ်ပါ!!"
"အ အကို​လေးပတ်​ချန်​​ယောလ်​ရဲ့ဓာတ်​ပုံ​တွေပါပဲ တခြားဘာမှ. . . "

ဝုန်း!

ဝုန်းခနဲ ထထွက်​သွားတဲ့ ဘတ်​ဟျွန်း​ကြောင့်​ ဂင်​မ်​ စားပွဲ​ပေါ်တင်​ကျန်​ခဲ့တဲ့စာကိုယူဖတ်​လိုက်​​သည်​။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now