Chapter - 331 ( ကျင့်ကြံအားထုတ်ခြင်း ၊ ကျင့်ကြံအားထုတ်ခြင်း )

12K 1.7K 44
                                    

[Zawgyi]

မြတ်ဗုဒ္ဓ၏မိုးမခစံနှုန်းသည် အနိမ့်စားအထွတ်အထိပ်အဆင့်ကျင့်စဉ်ဖြစ်သော်လည်း အချက်တစ်ချက်တော့ရှိလေသည်။ ထိုအချက်မှာ အနှီစိတ်ဝိညာဉ်ကျင့်စဉ်အားကျင့်ကြံမည့်သူသည် သူထက်စွမ်းအားပိုကြီးသောသူ အထူးသဖြင့် သိုင်းပညာရှင်တစ်ဦးနှင့် ပူးတွဲကျင့်ကြံမည်ဆိုလျှင် အကျိုးအာနိသင်နှစ်ဆရရှိမည်ဖြစ်ပြီး အလယ်အလတ်တန်းစားအထွတ်အထိပ်ကျင့်စဉ်မှရလဒ်နှင့်ပင် ထပ်တူကျမည်ဖြစ်ပေသည်။

ယင်းအချက်မှာ ကျင့်ကြံချင်စိတ်များတဖွားဖွားပေါ်ပေါက်လာအောင် အင်မတန်ဆွဲဆောင်နေတော့သည်။ ယူရှောင်မိုစဉ်းစားမိသည်ကား အကယ်၍သာ သူ၏ရှစ်ဖူသည် အလွန်မအိုမင်းသေးပဲ အတန်ငယ်မျှငယ်ရွယ်နုပျိုနေဦးမည်ဆိုလျှင် သူသည်လည်း ဂုဏ်သိက္ခာကိုဥပက္ခာပြုပြီး ထိုနည်းအတိုင်းပင်ကျင့်ကြံကောင်းကျင့်ကြံပေလိမ့်မည်ဟူ၍။

မည်သို့ပင်ဆိုစေကာမူ အနှီစိတ်ဝိညာဉ်ကျင့်စဉ်သည် ယူရှောင်မိုနှင့်လင်းရှောင်အတွက်ကတော့ ကွက်တိအံဝင်ခွင်ကျပင် ဖြစ်နေလေ၏။

ကျင့်စဉ်တွင်ဖော်ပြထားသည်က ကာယကံရှင်မှာ သေချာပေါက် သူ့ထက်ပိုစွမ်းအားကြီးသည့်ပါတနာတစ်ဦးအားရှာရမည်ဖြစ်ပြီး စွမ်းအားကွာခြားချက်ကြီးမားလေ မှော်ဆရာအတွက်အကျိုးအာနိသင်ပိုများလေပင်ဖြစ်သည်။ လင်းရှောင်၏စွမ်းအားသာဆိုလျှင် ယူရှောင်မိုထက်အလွန်တရာစွမ်းအားပိုကြီးမည်မှာ သံသယဝင်စရာပင်မလိုတော့ချေ။

နှစ်ကိုယ်ယှဉ်တွဲကျင့်ကြံနည်းဟူသည် သူ၏နာမည်အတိုင်းပင် ကျင့်ကြံသည့်လူနှစ်ဦးစလုံးအဆင့်တက်နိုင်ရန် စွမ်းဆောင်ပေးနိုင်လေသည်။ ထိုကြောင့်လင်းရှောင်သည်လည်း သေချာပေါက်အကျိုးအမြတ်ရမည်ဖြစ်သော်ငြား သူသည် နဂိုကတည်းကပင် အလွန်စွမ်းအားကြီးသူတစ်ဦးဖြစ်သည်မို့ သိသိသာသာတော့အဆင့်တက်လိမ့်မည်မဟုတ်ချေ။

ဤသို့ဖြင့် မိုးကောင်းကင်ကြီးတစ်ခုလုံးအမှောင်လွှမ်းသွားပြီး ညအချိန်ကူးသွားသောအခါတွင် ယူရှောင်မိုအား လင်းရှောင်မှအိပ်ရာထဲသို့ဆွဲခေါ်သွားတော့သည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Место, где живут истории. Откройте их для себя