အပိုင်း(၃)အမည်မဲ့ ကျင့်စဉ်
ကျန်းရီသည် သူ၏မြောက်များစွာသော ဒဏ်ရာများမှ နာကျင်မှုအာရုံကို ယုံချင်စဖွယ်ကောင်းအောင် ရှင်းရှင်းလင်းလင်းကို ခံစားနေရသော အိပ်မက်မက်နေဆဲလား သိဖို့ရန် ခြေထောက်ကို ဆွဲဆိတ်စရာ မလိုခဲ့ပေ။ ထို့အပြင် ကောင်းကင်သည် မှောင်နေဆဲ၊ သူ့အဖိုးလည်း အိမ်ပြန်မရောက်လာခဲ့သလို ရှောင်နူသည်လည်း အပြင်အလုပ်တွေ မပြီးဆုံးခဲ့သေးချေ။ စားပွဲပေါ်ရှိ တောင်လိုပုံနေသော လျှို့ဝှက် ကျမ်းစာအုပ် အထပ်လိုက်၏ မဖြစ်တည်နိုင်မှုကိုတော့ ပြောနေရန် မလိုချေ။
အကယ်၍ အိပ်မက်မဟုတ်ခဲ့လျှင်...
ကျန်းရီသည် သူ့၏အတွေးများကို အသေအချာအာရုံစိုက်လိုက်ရင်း မျက်လုံးများကို မှိတ်ထားခဲ့သည်။ တစ်ဖန် မထင်မှတ်ထားသော ကြံကြံဖန်ဖန် ထူးထူးဆန်းဆန်း စာလုံးများကို မြင်ခဲ့ပြန်သည်။ သူသည် ပုံစံတစ်ခုစီကိုပင် မယုံနိုင်စရာကောင်းအောင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ၎င်းတို့သည် အနက်ရောင်ရှိကာ သေးသေးသွယ်သွယ်နှင့် အားအင်အပြည့် ရွေ့လျားနေခဲ့ကြသည်။ ဤသည်မှာ သူ့စိတ်ကူးထဲက အပိုင်းအစ မဟုတ်တာ အသေအချာပင်။
ကျန်းရီသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
"အနည်းဆုံးတော့ အခုထိ ဆိုးကျိုးမတွေ့ရသေးတာဘဲ ကျေးဇူးတင်စရာကောင်းနေပြီ"
ကျန်းရီသည် အိပ်ရာပေါ်တွင် လှဲလျောင်းရင်း အတွေးထဲတွင် တစ်ခဏမျှ နစ်မြောသွားခဲ့သည်။ ခဏကြာသောအခါ သူ့ကိုယ်ကို လှုပ်ယမ်းကြည့်လိုက်သည်၊ ထို့နောက် သူ့ခေါင်းကို ထုကြည့်ခဲ့သည်။ ထိုသေးငယ်သော အနက်ရောင်စာလုံးများသည် သူ့ဖြစ်တည်မှုကို အန္တရာယ် မပေးကြောင်း အတည်ပြုပြီးသည့်အခါမှ စိတ်သက်သာရာရကာ သက်ပြင်းရှည်တစ်ချက် ချခဲ့သည်။ စိတ်ဓာတ်ကျဖွယ်ဘဝတွင် နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရခြင်းသည် သူ့စိတ်အခြေအနေကိုတော့ သက်ရောက်ခဲ့သည်သာ။ သူ၏ စိတ်ညစ်မှုကို သည်းခံနိုင်စွမ်းသည် သူနှင့်ရွယ်တူ လူအများစုထက် သာလွန်ခဲ့နေသည်။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...