Oh Sehun

2.9K 198 43
                                    

"အေးလိုက်တာ..."

ရေခဲအလား အေးစက်နေတဲ့ လက်ချောင်းတွေကို လက်အိတ်စွပ်ရုံမက ကုတ်အင်္ကျီအိတ်ထဲပင် ထည့်ပါသော်လည်း အနွေးဓာတ်က ဘယ်လောက်မှမရှိ။ ခုံတန်းလေးမှာသာ Sehunခပ်ကုပ်ကုပ် ထိုင်နေမိသည်။

လက်ပတ်နာရီလေးက ၁၀နာရီ၃၅မိနစ်ကို ညွှန်ပြနေသည်။ လူသွားလူလာလည်း မရှိသလောက် ခြောက်ကပ်ကာ Sehunခေါင်းပေါ်မှ လမ်းမီးတိုင်၏ မီးရောင်သာ နှင်းမှုန်တို့ကြားထဲ လင်းဖြာနေသည်။

သူ... နဲ့ ညကိုးနာရီခွဲမှာ ချိန်းထားတာ...။

နေ့ခင်းဘက်ဆိုရင် ဘယ်လောက်ကြာကြာ စောင့်ရတာကိစ္စမရှိပေမယ့် ညဘက်ကိုတော့ Sehun.. ကြောက်သည်..။ မှောင်နေတဲ့အပြင် လူကလည်းမရှိ...။ ဆောင်းညမို့ အအေးဒဏ်ကိုလည်း ခံရသေးသည်။ ကြောက်စိတ်က လူတစ်ကိုယ်လုံးကို မလွှမ်းလာခင်.. သူ.. ရောက်လာလျှင် ကောင်းမည်။

*တီ*

နာရီသံကြောင့် Sehunဆတ်ခနဲ တုန်သွားရသည်။ ကြည့်လိုက်တော့ ဆယ့်တစ်နာရီအတိ။

"သူ.... မလာတော့ဘူးလား..?"

လက်ပိုက်ထားလျက်ပင် ခေါင်းကို ငုံ့ချလိုက်မိသည်။ ကျွန်တော် မစောင့်ဘဲ ပြန်လိုက်ရတော့မလား..?။

"Hun!"

အကြားချင်ဆုံး သူ့အသံ..။ ခေါင်းကို မော့ကာ ကမန်းကတန်းထ,တော့ နာရီပိုင်းမျှ အေးခဲနေခဲ့သည့် ခြေထောက်တွေက ကောင်းကောင်းမထောက်နိုင်ဘဲ အရှေ့ကို မှောက်ကာ ကျသည်..။

သို့သော် အေးစက်စက် ပလက်ဖောင်းနှင့် မမိတ်ဆက်ရဘဲ သူ့ရင်ခွင်က အသင့်ရှိနေခဲ့သည်။ ခါးကို အမြန်ဖက်တွယ်မိတော့ သူ့လက်မောင်းတွေနဲ့ ကျွန်တော့ကိုယ်ကို ပွေ့ဖက်လာသည်။

"နွေးလိုက်တာ...."

သူ့ရင်ဘတ်မှာ မျက်နှာအပ်ပြီး ခပ်တိုးတိုးပြောမိတော့ သူကရယ်သည်။

"ကိုယ်ကပုံမှန်ပါဘဲ... မင်း အရမ်းအေးနေလို့ဖြစ်မယ် Hun..."

ဘယ်သူ့ကြောင့်လဲ...။

ကျွန်တော်ထုတ်မမေးမိ...။

"ဘာလို့စောင့်နေသေးလဲ Hunရယ်... အိမ်မှာဘဲ နွေးနွေးထွေးထွေး နေလိုက်ပါလား..? ကိုယ့်အလုပ်ချိန် မတိကျတာလည်း သိတယ်မလား..?"

我不好 [ My Bad ]Where stories live. Discover now