မြတ်​နိုးမိခြင်း [ မြတ်နိုးမိခြင်း]

3.6K 192 4
                                    

Zawgyi

ယုန်​သွား​လေးနဲ့ ​ကောင်​​လေး။ မြက်​ခင်း​ပေါ်​တွင်​​ခွေ​ခွေ​လေးလဲ​နေသည်​။
Wang Yibo : ​ဟေ့ အဆင်​​ပြေလား ဘယ်​နားထိသွား​သေးလဲ။ လှုပ်​နှိုး​ပေမယ့်​ ထို​ကောင်​​လေးနိုးမလာပါ။ အသားခြင်းထိမိ​တော့ပူကျစ်​​နေသည်​။ ဖျား​နေ၍ပဲလားမလား နှုတ်​ခမ်းဖူးဖူး​လေးက ရဲ​နေ​လေသည်​။ wang yibo ထိုနှုတ်​ခမ်းကို ကြည့်​၍ ရင်​ထဲ အမျိုးအမည်​မသိ ခံစားလိုက်​ရသည်​။ ဝမ်းနည်းသလို နာကျင်​သလို ထို​ကောင်​​လေးကို ​ပွေ့ချီ၍ မိမိအိမ်​သို့​ခေါ်လာလိုက်​သည်​။ မိသားစုဆရာဝန်​ကို ​ခေါ်၍ ​ဆေးထိုး​ပေးပြီးသည်​ထိ ထို​ကောင်​​လေးမနိုး​သေး​ပေ။
အိပ်​ယာထက်​တွင်​အိပ်​​မောကျ​နေ​သော ထို​ကောင်​​လေးမျက်​နှာ​လေးက ပြုံး​ယောင်​သမ်း​နေသည်​။ မိမိနှလုံးသား ​သေဆုံးသွားပြီဟုထင်​ကာ ​နောက်​ထပ်​ချစ်​နိုင်​​တော့မည်​မဟုတ်​​ဟုထင်​မှတ်​ထား​သော နှလုံးသားက အိပ်​ယာထက်​တွင်​ အိပ်​​မောကျ​နေ​သော ထို​ကောင်​​လေးကို မိမိကိုယ်​တိုင်​မသိလိုက်​မိခင်​ စ​တော်​ဘယ်​ရီ နှုတ်​ခမ်းသား​လေးကို ထိကပ်​မိလျက်​ ဖြစ်​သွားသည်​။ အိပ်​ယာထက်​က​ အ​ကောင်​ပိစိ​လေး လှုပ်​ရွလာမှ အသိပြန်​ဝင်​ကာ အိမ်​ပြင်​သို့​ပြေးထွက်​လာခဲ့မိသည်​။ မိမိ ရင်​ ​ပေါက်​ထွက်​လာပြီဟု ထင်​မှတ်​သည်​အထိ ရင်​တုန်​​နေ​လေသည်​။
Wang Yibo : ငါ ငါ ချစ်​မိ​နေပြီလား။ငါ့နှလုံးသား ​သေဆုံးသွားခဲ့တာ လွန်​ခဲ့တဲ့ 5 နှစ်​ကတည်းက မဟုတ်​လား။
ငါ ယုန်​က​လေးကို ချစ်​မိ​နေပြီလား ။
မိမိရင်​ကို စမ်းပြီး ​ရေ​အေးတစ်​ခွက်​​သောက်​ကာ အခန်းထဲသို့ပြန်​ဝင်​လာသည်​။ ထိုအ​ကောင်​​ပေါက်​​လေး မနိုး​သေးပါ။ အနီးကပ်​ကြည့်​မိ​တော့မှ ပွစိပွစိနှင့်​ ငြီး​နေ​လေသည်​။ wang yibo အနီးကပ်​ နား​ထောင်​ကြည့်​လိုက်​​တော့
Xiaozhan : ကိုကို zhan zhan ကို အလိုလိုက်​ ကိုကို မသွားနဲ့ ဒီ​နေ့မသွားနဲ့ zhanzhan နား​နေ။
ပြောရင်း တုန်​သွား​သော ခန္ဓာကိုယ်​ ​လေးကို yibo ဖက်​ထား​ပေးရင်း ထို ကိုကို ဆို​​သော သူကို စိတ်​ထဲက ​မေတ္တာပို့​နေလိုက်​သည်​။ က​လေး အိပ်​မက်​​ယောင်​တဲ့အထိ စိတ်​ထဲ​ရောက်​​နေသူက ဘယ်​သူလဲ 😢

ဒဏ်​ရာများနဲ့အချစ်​ [ ဒဏ်ရာများနဲ့အချစ် ]Место, где живут истории. Откройте их для себя