Unicode
"တောက်.....သေစမ်း"
Yixingသည် ထိုင်နေရင်းကနေ ခုန်ကိုဆောင့်ကန်ပစ်ရင်း ရေရွတ်လိုက်သည်။
စားပွဲထက်က ဖုန်းလေးကို တစ်ချက်စောင်းကြည့်လိုက်တဲ့အခါဒေါသက ပိုထွက်လာမိသည်။ဘယ်ကောင်က ငါ့ဖုန်းကို ဝင်ပြီးဖျက်သွားတာလည်း။
တွေးလိုက်ရင်း ရင်ထဲ တလှိမ့်လှိမ့်နဲ့ ဒေါသဖြစ်ရသည်။
ငါကိုက ဖုန်းကို Lockမချတတ်တာ မှားတာ။ ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးမှာ မှားယွင်းလောက်အောင်ထိ သူ့ကိုယ်သူ အပြစ်တင်မိသည်။Chanyeol နဲ့ Jong Inတို့ကတော့ ဖုန်းထဲက message ကိုဝင်ဖျက်တဲ့ထိမလုပ်လောက်။
တကယ်ဆိုသူငယ်ချင်းတွေကို အထင်မလွဲသင့်တာ သိပေမဲ့ မိမိနဲ့ အဆင်ပြေခါနီးမိန်းကလေး ဆီမှ ပေါ့ပျက်ပျက်ကောင်ဟု အပြောခံလိုက်ရတာ သူ့အတွက် နည်းနည်းမှ နေထိုင်မကောင်း။သူ ဒီမိန်းကလေးကို စလိုက်ကတည်းက အရမ်းကြီးချစ်တာကြောင့် ကြိုက်တာကြောင့်မဟုတ်ရင်တောင် ယောက်ျားပီပီ ဘာစိတ်ရှုပ်စရာမှမရှိအောင် လုပ်ယူနေထားခဲ့တာ။
ဂိမ်းဆော့တာထက် သူမကို ပိုအချိန်ပေးပြီး၊ အပေါင်းသင်းတွေနဲ့ လျှောက်လည်ပတ်တာထက် သူများနဲ့ စကားတွေပိုပြောဖြစ်ခဲ့တာ။ခုတော့ မှ "နင့်လိုပေါ့ပျက်ပျက်ကောင်ကို မျှော်လင့်မိတဲ့ ငါကိုက မှားတာ" ဆိုတဲ့စကားဟာ အင်မတန်အရှိုက်ထိစေပြီး အင်မတန်ကိုမှ Yixingကိုထိပါးစေသည်။
တကယ်ဆို သူက ခုထိရုပ်ရည်အရမ်း မရှိလို့ ခဏခဏအငြင်းခံခဲ့ရတယ်ဆိုပေမဲ့ သူပေါ့ပျက်ပျက်မလုပ်တာသူသိသည်။
သူကဘာတွေလိုအပ်နေလို့လည်း။"ငါက ဘာကြောင့် ဒီနှစ်တွေထဲမှာ စော်လေးတစ်ယောက်ရဖို့ စောက်ချိန်တွေ အကုန်ခံနေ ခဲ့တာလည်းမသိဘူး....စောက်ကျက်သတုံးပဲ"
ပစ်ပစ်နှစ်နှစ် အော်ဆဲလိုက်ပြီး စားပွဲကိုတစ်ချက် ထုပစ်လိုက်သည်။ဒုန်း!!!
"ဟဲ့ သားငယ်....ဘာဖြစ်နေတာတုန်း"
ခပ်စွာစွာအော်လာတဲ့ အမေ့အော်သံကြောင့် ဟား...ခနဲတစ်ချက်ညည်းညူရင်း ခေါင်းကိုကုတ်ပစ်လိုက်သည်။"သံရိုက်နေလို့ပါဗျာ.." အာခေါင်ကွဲအောင်ပြန်အော်ပစ်လိုက်မှ အောက်ကတိတ်ဆိတ်သွားတော့သည်။