3

3.1K 158 2
                                    

Zawgyi

xiaozhan ဆိုင်​သို့လာ​သောအချိန်​ ​တွေ့လိုက်​ရ​သော ​ကောင်​​လေး​ကြောင့်​ ပြုံးမိသည်​။
သူ ဘာလာလုပ်​တာလဲ ငါ့စီလာတာများလား ငါ စကားသွား​ပြောရမလား။ ဒါမှမဟုတ်​ ပြုံးပြလိုက်​ရမလား တစ်​​ယောက်​တည်း စိတ်​လှုပ်​ရှား​နေ​လေသည်​။
Xiaozhan : ​ဝေ့ ဘာလာလုပ်​တာလဲ ဆိုင်​လာရင်​လဲ အထဲဝင်​​လေ။
Wang yibo : ကို မင်းစီလာတာ အတည်​ပြုစရာ​လေးရှိလို့ ကိုနဲ့ တစ်​ရက်​​လောက်​ အပြင်​လိုက်​ခဲ့​ပေးပါလား။
Xiaozhan : Omm ဘာအတည်​ပြုမှာလဲ ဘယ်​ကိုလိုက်​ခဲ့​ အ​မေးပင်​မဆုံး​သေး yibo သူ၏ လက်​ကိုဆွဲပြီး ဆိုင်​ကယ်​ရှိရာသို့ ​ခေါ်လာလိုက်​​လေသည်​။ ဆိုင်​ကယ်​နား​ရောက်​​တော့ ဆိုင်​ကယ်​ ဦးထုပ်​​ဆောင်း​ပေးရင်း ဆိုင်​ကယ်​​ပေါ်တက်​ခိုင်း​လေသည်​။
Wangyibo : ကို့ ခါးကို ​သေချာ ဖက်​ထား​နော်​။ ပြုတ်​ကျ​နေရင်​ ကို ရင်​ကွဲလိမ့်​မယ်​။
Xiaozhan ​ပျော်​သည်​။ ဝန်​ခံပါသည်​ သူ့ကို ကျွန်​​တော်​ သိပ်​ချစ်​မိသွားပြီ။ သူ့ခါးကို တင်းတင်း​လေး ဖက်​ထားမိသည်​။

ပန်းခြံထဲ​ရောက်​​တော့ သူ့ဆိုင်​ကယ်​​လေးရပ်​ပြီး ကမ်း​ဘေးတွင်​ လမ်းဆင်း​လျှောက်​ကျရင်း ကျွန်​​တော်​ သူ့ကို ခနခန ကြည့်​မိသည်​။ အချိန်​​တွေကို ရပ်​ထားချင်​သည်​။ ကိုယ်​မြတ်​နိုးတဲ့လူနဲ့ ​ဘေးချင်းကပ်​ရပ်​ လမ်း​လျှောက်​ရတာ တကယ်​ကြည်​နူးစရာ​ကောင်းပါသည်​။ သူ့လက်​ကို ဆုပ်​ကိုင်​ထားချင်​သည်​။ သူ့စီက ရတဲ့ စန္ဒကူး အနံ့သင်းသင်း​လေးကို ကျွန်​​တော်​ ကြိုက်​သည်​။ ကိုယ့်​ကိုယ်​ကို မသိလိုက်​ခင်​မှာပဲ ကျွန်​​တော်​ သူ့ကို သိပ်​ချစ်​မိသွားပြီ။ wang yibo ငါ့ချစ်​သူဖြစ်​လာရင်​​ကောင်းမှာပဲ။

Wangyibo သူ့ကို တစ်​စိမ့်​စိမ့်​ကြည့်​​နေတဲ့ ယုန်​က​လေးကို အူယား​နေ​လေသည်​။ ဒီအ​ကောင်​​ပေါက်​​လေးက ဘယ်​လို​လေးလဲ ။ ငါ့နှလုံးသားကို အပိုင်​သိမ်းဖို့ကြံ​နေ​လေ​ရောလား။ ယုန်​က​လေး​ရှေ့ပိတ်​ရပ်​လိုက်​ပြီး သူနဲ့မျက်​နှာချင်းဆိုင်​ ရပ်​လိုက်​ပြီး သူ့ကို ကြည့်​လိုက်​​တော့ ယုန်​က​လေး ရှက်​သွားဟန်​တူသည်​။ မျက်​နှာ နှစ်​ဖက်​က ရဲ တက်​လာပြီး နာရွက်​ဖျား​လေး​တွေပါ ရဲတက်​လာသည်​။ ကြည့်​ရင်းကြည့်​ရင်း စိတ်​မထိန်းနိုင်​​တော့ပါ။
သူ့မျက်​နှာ​လေးကို ​မော့ပြီး စ​တော်​ဘယ်​ရီ​ရောင်​ သမ်း​နေတဲ့ နှုတ်​ခမ်းဖူးဖူး​လေးကို ထိ​တွေ့စားသုံးမိသည်​။ ယုန်​က​လေး ပြန်​မတုံ့ပြန်​​ပေမယ့်​ သူ မရုန်းပါ။ ​သောက်​​လေ​သောက်​​လေ ငတ်​မ​ပြေသလို နမ်းလို့မဝ။ နူးညံ့လိုက်​တာ နှစ်​​ယောက်​လုံးမျက်​ဝန်း​တွေက တစ်​​ယောက်​ကို တစ်​​ယောက်​ နားလည်​​နေသည်​။ ​သေချာသည်​။ သူ့ကို မြတ်​မြတ်​နိုးနိုး ချစ်​မိ​နေပြီ။ ထိုနည်းတူစွာ ယုန်​က​လေးသည်​လဲ ကျွန်​​တော့်​ကို ချစ်​သည်​။
အချစ်​က သိပ်​ရိုးစင်းသည်​။ ဘာဟန်​​ဆောင်​မှုမှမရှိ ဘာအတားအဆီးမှ မရှိပဲ တစ်​​ယောက်​နှုတ်​က တစ်​​ယောက်​ ဘာမှ​ဖြေရှင်းစရာမလိုပဲ သိပ်​ရိုးရှင်းစွာ မြတ်​မြတ်​နိုးနိုး ချစ်​တာကို ခံစားမိသည်​။

ဒဏ်​ရာများနဲ့အချစ်​ [ ဒဏ်ရာများနဲ့အချစ် ]Wo Geschichten leben. Entdecke jetzt