အထာကျတဲ့ အချစ်
WiYo love
Part 9WiWi ကားထဲမှ yoyo ကို ပွေ့ချီလာခဲ့ကာ သူ့ အခန်းထဲသို့  ဝင်လာခဲ့ပြီး သူ့ ကုတင်ပေါ်သို့  အသာတင်လိုက်သည်
ထို့ နောက် ရေချိုး ခန်းသို့  ဝင်ကာ ရေထားသည့် ဖန်ဇလုံ နှင့် အဝတ်စတ်တစ်ခုကို ယူလျက်ပြန်ထွက်လာသည်yoyo ရဲ့ နားမှာ ထိုင်ကာ yoyo နဖူးမှ ကျနေသည့် ဆံပင်ပျော့ပျော့ လေးများကို သပ်တင်ပေးနေမိသည်
နှု တ်ခမ်းရဲရဲ လေးက ဆူနေသလို ပင်
နှာခေါင်းလုံးလုံးက ဆွဲညှစ်ပစ်စရာ ပါးဖောင်းဖောင်းလေးနှင့် မျက်တောင် လေးက တိုတို စိတ်စိတ်လေး
တကယ့်ကို ကလေးလို ဖြူ စင်သည့် အလှတရားနှင့် မိန်းကလေးတိုင်း အားကျရသည့် အသားအရေ
ထိုကောင်လေးကို wiwi ဘယ်မျှ ငေးကြည့်နေသည်မသိထို ကောင်လေးရဲ့ နှုတ်ခမ်းရဲရဲလေးမှ တအင်း အင်း ညည်းသံကြားတော့မှ wiwi လဲ အသက်ပြန်ဝင်လာကာ
'' သတိရပြီလား ''
yoyo မျက်လုံးထဲတွင် ဘာမှ သဲသဲကွဲကွဲ မမြင်ရ
အဖြူ ရောင် မျက်နှာကျက် တစ်ခု နှင့် သူ့ ဘေးနားမှာ ထိုင်နေသည့် လူတစ်ယောက်
'' ကျွန်တော် ကျွန်တော် ဘယ်ရောက်နေတာလဲ ''
yoyo က
မျက်လုံးကို ပွတ်ရင်းမေးနေလေသည်
'' ငါ့အိမ် ရောက်နေတာ ''' ဟင် ဒီ အသံ ဒီ အသံ လောကတွင် နှစ်ယောက်မရှိသည့်
ဒီအသံနှင့် လူက ''' ဟို ကျွန်တော့် မျက်မှန် လေး ဘယ်နားမှာလဲ ''
'' ဟင် မင်းက အလှတပ်တာ ဟုတ်ဘူးလား ''မျက်မှန်နှင့် မလိုက်ဖက် သည့်သူကို မျက်နှာအလှမပေါ်အောင်
နှင့် စာဂျပိုး ထင်စေရန် တပ်သည်ဟု wiwiထင်ထားမိသောကြောင့်သာ
'' ကျွန်တော်က ငယ်ငယ်ထဲက အနီးမှုန်ဗျ ''
'' aww ဘယ်နား ကျခဲ့ ပြီလဲ မသိဘူး ငါပြန်ဝယ်ပေးပါ့မယ် ''
'' ရပါတယ် ဒါနဲ့ ကျွန်တော် wiwi တို့ အိမ်ရောက်နေတာလားဗျ ''
'''ဟုတ်တယ် ''wiwi ကခပ်ပြတ်ပြတ်ပြောတော့ yoyo က
'' ကျွန်တောါ့ကို အိမ်ပြန်ပို့ ပေးပါ ''wiwi က မပြန်စေချင်သည့်သဘောဖြင့်
'' ဘာလို့  လိုက်ပို့ ရမှာလဲ ''
YOU ARE READING
အထာကျတဲ့ အချစ်
Teen Fictionအချစ်က ထူးဆန်းတယ် ဒါပေါ့ အချစ်က တကယ် ထူးဆန်းတာပေါ့ လွယ်လွယ် ချစ်ပြီး လွယ်လွယ်မေ့ပျောက်တက်သလို လွယ်လွယ်ချစ်ပြီး တစ်သက်လုံးမေ့ပျောက်လို့ မရတဲ့ အချစ်လဲရှိပါတယ် အချစ်ကြောင့်ရှင်သန်နိုင်သလို အချစ်ကြောင့် လဲသေဆုံးစေနိုင်ပါတယ် တကယ် တော့ အချစ်ဆိုတာ ဖမ...