11

18 1 0
                                    

အထာကျတဲ့ အချစ်
                 WiYo love
                   Part   11


          အချိန်ပိုင်း အလုပ်ရှိရာ  bar မှာ ဖန်ခွက်တွေ သုတ်နေစဉ်  နောက်ဘက်ကျောကို ခါးကို အဖက်ခံလိုက်ရသဖြင့် yoyo ရှေ့ဘက်သို့  ယိုင်သွားသည်

      ဘယ်သူမှန်း လှည့်ကြည့်စရာမလို ပါ
သူ့ အသားကို  ပိုင် စိုး ပိုင်နင်း ဖက်တက်သည့်  Wiwi ပါပင်
သူ့  ခါးကို ဖက် ကာ ပခုံးပေါ်ကို ခေါင်းတင်ထားပြီး
သူ့ ရဲ့ ပါးနဲ့ လည်တိုင် နားရွက်တို့ ကို နမ်းရင်း အလုပ်ရှု ပ်နေသည်

   ထို သို့ နမ်းနေစဉ်  Yoyo စိတ်ထဲ ရောက်သွားသည့် နေ့ လည်တုန်းက အကြောင်းအရာ များ

     -  -  -  -

'' Hey yoyo ''

  '' Hi  yoyo ''

  Yoyo ကို ပြိုင်တူ နှုတ်ဆက်လိုက်သည့်
pika နဲ့ potay

   ''  ဘာကိစ္စ ရှိလို့ လဲ ဟင်  ''

wiwi ကို သာကြောက်ရသေးသည် မဟုတ်
သူတို့  နှစ်ယောက်လဲ ကြောက်ရသည့်အထဲ ပါသေးသည်လေ
  သူတို့  သုံးယောက်နဲ့ ရင်းနှီးတယ် ဆိုပေမယ့်
  ဘယ်အချိန် ထဖောက်မှန်းမသိနိုင်တဲ့ အရူး သုံးယောက်လိုပင်

   ''မင်းကို  wiwi က တွေ့ချင်လို့ တဲ့  ''

potay အပြောကြောင့်  yoyo စိတ်ထဲထင့်သွားသည်
ဟိုတစ်ညလဲ နမ်းထားသောကြောင့် ရှက်သည့် အရှိန်ကြောင့်လဲ ပါမည် ထင် သည်
     
   '' တွေ့နေကျ  နေရာ မှာဘဲ လား   ကျွန်တော် လာခဲ့ပါ့မယ် ''

  '' ကောင်းပြီ good luck ''
potay က ပြောပြီး ထွက် သွားသော်လည်း
pika က မသွားသေးဘဲ

   '' ငါတို့ ခေါင်းဆောင်ကို တော့ မင်းကြောက်တယ်နော်  ''
  
xxxx
    ကျောင်းခေါင်မိုး ထပ်ကို  လှေကား မှ တက်လာခဲ့ပြီး
   ခေါင်မိုးထပ်တွင်  ဘယ်သူမှ မရှိတာကြောင့် 
  ပြန်ဆငိးမည် အလုပ်

  '' ငါက ခွင့်မပြု ဘဲ မင်းပြန်မဆင်းရဘူး ''

  တံခါးနောက် ကွယ် က wiwi ထွက်လာပြီး
  တံခါးကို  ပိတ်ကာ wiwi ပြောလိုက်သည့်စကားကြောင့်
  yoyo ကိုယ်လေး တုန်ခနဲ ဖြစ်သွားသည်

   '' ဟို ဟို လေ ကျွန်တော်ကို ခေါ်တယ် .  . ''
   '' မင်းကို  နမ်းချင်လို့  ''

အထာကျတဲ့ အချစ် Where stories live. Discover now