4

4.5K 446 3
                                    

For Zawgyi

" ကောင်းကောင်း ဘာစားဦးမလဲ "

ဈေးသွားခါနီး အမေက မမေ့မလျော့ သူ့ကိုလာမေးသည်..

အဲ့ဒါကြောင့်အမေ့ကို ချစ်တာ ...

ကောင်းဦးဝေဘဝမှာ အဖေမရှိတော့ ...

ကောင်းဦးဝေရဲ့အမေ ဒေါ်ဖြူဖြူဝေဟာ ညီအစ်မတွေစုပြီး ရွှေဆိုင်တစ်ဆိုင် ပိုင်သည်..

ပြည့်စုံသည့်ဘဝမို့ ကောင်းဦးဝေအတွက် အစစအရာရာ ဘာမှ မျက်နှာမငယ်ရအောင်ထားနိုင်သည်...

ကောင်းဦးဝေဟာ ဆွေမျိုးတွေနဲ့ သိပ်မရင်းနှီးဘူး ..

သူ့ဘဝမှာ အမေကလွဲရင် အရင်းနှီးဆုံးက သူငယ်ချင်း သုံးယောက်အပြင်မရှိဘူး ...

အောင်ထွန်း မေနှင်းနဲ့ ဝေဇင်ဟာ သူနဲ့ အလယ်တန်းကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေ ..

အမေက သူ့အတွက် အရမ်းချစ်တတ်လွန်းလို့ သူကလည်း အမေ့ကို အရမ်းချစ်သည့်သား ....

သူတွေးထားတာက ရိုးရှင်းသည် ...

သူအမေ့ကို စိတ်ဆင်းရဲအောင်သူမလုပ်ဘူး ..

အင်း ... အခုထိ ပေါ့ ...

" သား ဘာမှတောင်မစားချင်ဘူး ... ဒါမဲ့ ဒိန်ချဉ်ရရင်တော့ သောက်ချင်တယ် "

" ကောင်းကောင်းရယ် သောက်ရမဲ့ဆေးတွေနဲ့မှ တည့်ရဲ့လား "

" တည့်ပါတယ်ဗျာ ... "

အမေ့ကိုတော့ သူမလိမ်ရဲ ... တကယ်လည်း တည့်ပါသည်.. သူဘာမြှဖစ်တာမှမဟုတ်တာ ... ခြေခေါက်ပြီး အရွတ်ယောင်ရုံတင် ...

" အင်းအင်း ဒါဆို မေသွားပြီ "

" ဟုတ် "

သူ အမေ့ကို လှမ်းအော်ပြောလိုက်ပြီးတော့ အပေါ်ထပ်က သူ့အိပ်ခန်းဆီ တရွတ်ဆွဲပြီး တက်ခဲ့တော့သည်..

ဆေးထဲမှာ အိပ်ဆေးပါပုံရတယ် ..

သူအရမ်းအိပ်ချင်တာပဲ ...

အပေါ်ရောက်တော့ ကုတင်ပေါ် အရင်လို ခုန်ပေါက် ပစ်တက်ချင်ပေမဲ့ ...

ခုတော့ စိတ်သွားတိုင်းကိုယ်မပါတော့ပေ ..

အဲ့ဒါ ဟိုလူကြောင့် ...

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora