Episode 06 (unicode)

69 4 0
                                    

တီ....တီ ... တီ
ချောက်

တတီတီမြည်နေသော နှိုးစက်ကလေးကတော့ ကျွန်တော့်လက်ချက်မိပြီး စားပွဲအောက်မှာ ဇောက်ထိုးလေး
နှိုးစက်သံလောက်ကတော့ baozi တို့ကမမှုရေးချ မမှု ကျောင်းပိတ်ရက်ဆို နေဖင်ထိုးအောင်အိပ်ကာ မနက်စာနဲ့ နေ့လည်စာကို ရောစားတတ်သူ

Beautiful girl..all around the world...

နှိုးစက်ကိုပိတ်လိုက်ပြီး ဘာမှ မကြာဆူညံဆူညံ နဲ့ ကြားလိုက်ရတဲ့ ဖုန်းသံကြောင့် ဆံပင်တွေကိုထိုးဖွရင်း ဖုန်းကိုဖြစ်သလိုလှမ်းယူလိုက်ကာ

"Hello"
"အာ baozi လားဟင်"
"ဟင်"
"ဟို ဒါ Baozi ဖုန်းမဟုတ်လား"
"အင်း ဟုတ်တယ် ဟုတ်တယ်"

ခုနကအိပ်ချင်နေတဲ့ စိတ်တွေလည်းပျောက် ကုတင်ပေါ်ချက်ချင်းထထိုင်ကာ contact name ကို သေ ချာပြန်ကြည့်တော့ Cuttie
အခု ကျွန်တော့် cuttie လေးဖုန်းဆက်တာပေါ့
အိပ်မက်အထင်နဲ့ အသားကို ဆိတ်ကြည့်မိတော့

"အ နာတယ်ဟ"
"Baozi ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူး Hana ဘာလို့ဖုန်းဆက်လိုက်တာလဲ"
"Hannie ကပြောခိုင်းလို့ ဒီတစ်ခေါက် cosplay ပွဲပြီးရင် beach သွားရဖို့တိုင်ပင်ချင်တယ်တဲ့ အဲဒါ ဒီနေ့ညနေလောက် Moe Moe cafe house ကိုလာခဲ့ပေးပါတဲ့"
"Ok ကိုယ် sehun ကိုခေါ်ပြီးလာခဲ့မယ်"
"အင်း အဲဒါဆို ဒါပဲနော်"

ဖုန်းချလိုက်တာနဲ့ အလိုလိုပြုံးမိပြီးသား
ကုတင်ပေါ်က ဝုန်းဒိုင်းကျဲဆင်းကာရေချိုးခန်းထဲ အပြေးဝင်သွားတဲ့ baozi ကိုကြည့်ရင်း တံခါးအပြင်က baozi ရဲ့ ma ma ကတော့ခေါင်းတစ်ခါခါနဲ့ ပြန်လည့်ထွက်သွားလေတယ်

"Oh sehun ဟေ့ကောင်"

ခြံတံခါးဖွင့်ရင်း အာပြဲနဲ့ဝင်လာသော သူငယ်ချင်းဖြစ်သူကြောင့် Sehun တစ်ယောက်TV ရှေ့ထိုင် sebuu လုပ်နေခြင်းမှရပ်ကာ

"ပြဲလန်နေတာပဲကွာ ဘာဖြစ်လာတာလဲ ဘာလဲ Hana ကငြင်းလိုက်လို့ လာငိုတာလား အဲဒါဆိုပြန်တော့"
"လဒ ငါကအကောင်းလာတာဟ ညနေ Hana တို့နဲ့ချိန်းထားတယ် cosplay ပွဲပြီးရင်း ခရီးထွက်ရအောင်တဲ့"
"ကောင်းတာပေါ့ ငါလဲ ကျောင်းပိတ်ထားတော့ပျင်းနေတာ အိမ်မှာငြိမ်နေရတာလဲ ပျင်းလွန်းလို့ ပျော့တွဲနေပြီ"
"ဒါဆို သွားရအောင်"
"ဟ ညနေမှမဟုတ်ဘူးလား အခုမှ ၂ နာရီပဲရှိသေးတာကို"
"Game သွားဆော့မလို့လာခေါ်တာကွ မလိုက်လဲနေခဲ့တော့"
"ဟ ဟ လိုက်မှာပေါ့မင်းကလည်း စောစောထဲကရှင်းအောင်မှမပြောတာ"
"ဖြစ်ရတယ် သွားမယ်"
"Omma သား baozi နဲ့ game သွားဆော့တယ်နော်"

My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicodeWhere stories live. Discover now