(Zawgyi)
ဟိုတစ်နေ့က ကိစ္စပြီးသွားကတည်းက သူ့ကိုရှောင်နေတာ ဒါနဲ့ဆို တပတ်လောက်ရှိပြီး
အမှန်တိုင်းဝန်ခံရရင် ကျွန်တော်သူ့ကိုရှောင်နေတာမဟုတ်ဘူး သူရဲ့ခနဲ့သလိုလို မျက်နှာထားနဲ့ အပြုံးတွေကို ကျွန်တော်ရင်ဆိုင်ဖို့ အင်အားလုံလုံလောက်လောက်မရှိဘူး
ခင်များသိပ်ကိုတော်ပါတယ် Yoongiရယ်....
ထူးထူးဆန်းဆန်း ဒီနေ့တော့ သူ့ကိုအတန်းထဲမှာ မတွေ့မိဘူး
သူက ထူးထူးဆန်းဆန်းဗျ
သူပျောက်ပြီးပြန်ပေါ်လာပြီးဆိုရင်လည်းမျက်နှာက ဒဏ်ရာဒဏ်ချက်တွေနဲ့
သေချာတာကတော့ ပြသနာဖြစ်လာဖို့များတယ်
သူ့အကြောင်းကိုလည်း ကျွန်တော်အဲ့လောက်ထိ ထဲထဲဝင်ဝင်မသိ
ဒါကကျွန်တော်ဘဲညံတာလား သူဘဲသိုဝှက်လွန်းတာလား?
ညနေကျောင်းဆင်းချိန်ရောက်လို့
Backpackကိုယူပြီးပြန်မယ်လုပ်တော့"Park Jimin"
"ဗျာ"
"မင်းEngဆရာရုံးခန်းမှာ Formsတွေသွားယူပေး ငါမအားလို့"
"ဟင်"
"ဟေ့ကောင်မဟင်နဲ့ ငါပြောတာကြားလား?"
"အင်း"
အတန်းခေါင်းဆောင်က Engဆရာရုံးခန်းသွားရမည်ဆိုသောကြောင့် လူကသွေးတိုးချင်လာသည်.
ဘာဘဲဖြစ်ဖြစ်ငါလည်း အရွယ်ရောက်တဲ့ယောကျာ်းတစ်ယောက်ဖြစ်နေပြီးဘဲ
သူငါ့ကိုဘာမှမလုပ်နိုင်လောက်ပါဘူးဟူသောအတွေးတို့ကို ထပ်ခါထပ်ခါတွေးရင်းအားမွေးကာ ထိုလူယုတ်မာ ရုံးခန်းသို့ဦးတည်လိုက်သည်
သို့သော်...
အခန်းတံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရသည့် အရာကြောင့် ခြေထောက်ပင် ယိုင်ကျသွားချင်သည်.
"Soung..."
ဤကား Soungနှင့် Engဆရာဆိုသောလူယုတ်မာတို့ အနမ်းဖလှယ်နေကြခြင်း
သူ့အသံကြားသည်နှင့် ချက်ချင်းနမ်းနေရာမှရပ်ကာ သုတ်သုတ်ပြာပြာနှင့်ဖြစ်ကုန်သည်