Chapter 72

3.7K 381 12
                                    

မိုးမလင်းခင်ကတည်းက Shinနဲ့မိသားစုတတွေ အမှန်တကယ်ကိုပဲ Chaiအိမ်တော်ကို ပြန်လာကြသည်။ သူတို့မရှိတဲ့ချိန်တွေမှာ Ribo Leiနဲ့LaoZiတို့ တစ်လှည့်စီ အိမ်တော်ကိုစောင့်ရှောက်ပေးကြလို့ ယခင်အတိုင်း သပ်ရပ်လှပနေဆဲဖြစ်သည်။ Chaiအိမ်တော်ရဲ့သက်တမ်းနဲ့ညီမျှတဲ့ အိမ်ဝင်းထဲက သစ်ပင်အိုကြီးလည်း အရွက်တွေဝေဆာလို့။ အိမ်အနောက်ဘက်က စမ်းချောင်းလေးလည်း အရင်အတိုင်းစီးဆင်းနေတုန်းပဲ။ အစေခံတချို့အပြောင်းအလဲရှိသွားတာကလွဲပြီး အသက်ရှင်တဲ့လူဟောင်းတွေကတော့ အိမ်တော်ကိုပြန်ရောက်လာကြသည်။ သူတို့တတွေဟာ ကြိုတင်ပြောမထားတဲ့သူတွေရောက်လာတာကိုမြင်တော့ ဝမ်းပမ်းတသာကြိုဆိုကြသည်။

" ကြိုဆိုပါတယ် မင်းကြီး၊ မိဖုရားခေါင်ကြီး ၊ မင်းသမီးလေးတို့။ "

Luliက အနေခက်တဲ့အပြုံးနဲ့ Shinကို မော့ကြည့်လာသည်။ ShiZuက ချိုင်းထောက်နဲ့အိမ်တော်ထဲ ဝင်လာတော့ အစေခံတချို့က အကူအညီပေးကြသည်။ သူတို့ဘာမှအပိုမမေးဘူး။ Chaiအိမ်တော်က အစေခံတွေဟာ အိမ်တော်ကိုမရောက်ခင်ကတည်းက စည်းစနစ်နဲ့သစ္စာရှိတဲ့သူတွေအဖြစ် ထိန်းကျောင်းခြင်းခံရသူတွေဖြစ်သည်။

" အနေမခက်ကြနဲ့။ ဒီတစ်မနက်တော့ ငါက Chai Shilinပဲ။ Chaiကတော်နဲ့ သခင်မလေးတွေကိုလည်း ပုံမှန်ဆက်ဆံတဲ့အတိုင်း ပြုမူကြပါ။ "

Shinက အားလုံးကြားအောင်ပြောသည်။ အနည်းငယ်ပဲကျန်တော့တဲ့နာရီအတွင်း သူတို့တတွေ ဟင်းအမယ်တွေချက်ပြုတ်ကြသည်။ Luliကိုယ်တိုင် ကလေးငယ်ကိုကျောပိုးရင်း မီးဖိုချောင်ဝင်သည်။ Shinက အသစ်ပြင်ဆင်ထားတဲ့ စာကြည့်ခန်းထဲ ShiZuနဲ့အတူဝင်ကြည့်သည်။ သစ်ကြမ်းပိုးအနံ့ရတဲ့ စားပွဲအသစ်လေးမှာ သူတို့မိသားစုတတွေ မနက်စာစားသောက်ကြသည်။ အစေခံတွေကိုလည်း စားစရာမျှဝေပေးသည်။ တိုတောင်းလှတဲ့အချိန်၎နာရီလောက်မှာ အိမ်တော်သားတွေနဲ့အတူအချိန်ကုန်ဆုံးရင်း Shinနဲ့Luliတို့ဟာ Chaiအိမ်တော်က သခင်ကြီးနဲ့သခင်မကြီးတို့ဘဝကို နောက်ဆုံးအကြိမ်နှုတ်ဆက်လိုက်ကြတော့သည်။ မနက်ဖြန်ကစပြီး သူတို့ဟာ တိုင်းပြည်ရဲ့အကြီးအကဲ ဘုရင်နဲ့မိဖုရားခေါင်ကြီးဖြစ်သွားကြပြီ။ မွေးနေ့ပွဲအမှီ နန်းတော်ပြန်ဖို့ပြင်ကြတဲ့အခါ ShiZuက သူ့အမေရဲ့ခါးကိုဖက်ကာ ဆွဲထားသည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now