5

4.5K 430 13
                                    

For Zawgyi

" ခင်ဗျားပဲလား "

ခြံရှေ့ကားရပ်ကာ သူထွက်လာတာမြင်၍ထင်သည်..

ကားဘေးတွင်ခပ်လျှောလျှောလေးမှီရပ်နေသည်...

all white နဲ့ ..

ဒီလူက နေ့နဲ့ညမှားနေတာများလား ..

ကားအနက်ကို အဖြူဝတ်စုံနဲ့သူက .. အင်း တစ်မျိုးတော့ကြည့်ကောင်းပါတယ် .. ဒါပေမဲ့ ကြည့်မရတာကကြည့်မရတာပဲ ...

" အင်း "

" ဘာလာလုပ်တာလဲ "

" မင်းက ကိုယ့်ဖုန်းမှမကိုင်တာ "

လခွမ်း ... ဒါက ဘာလဲ .. သူဖုန်းမကိုင်တာနဲ့ပဲ ခုလို အိမ်ထိလိုက်လာရတယ်ပေါ့ ..

" ခင်ဗျားကြီး သိပ်အားနေတာလား .. ကျွန်တော်ဖုန်းမကိုင်တာနဲ့ပဲ အိမ်ထိလာရတယ်ပေါ့ "

သူအော်မိပြီ ... ဟုတ်တယ် .. သူ့ဘက်ကမယဉ်ကျေးနေနိုင်တော့ဘူး ...

" ကိုယ်စိတ်ပူလို့ .... ပြီးတော့ မင်း ကိုယ့်ကိုစိတ်ဆိုးနေတယ်ထင်လို့ "

သေစမ်း ... ဘာဆိုင်လို့လဲ ...

" ဘာမှမဆိုင်ဘူး .. ဖုန်းမကိုင်ရင် မအားလို့ပေါ့ ခင်ဗျားခေါ်တိုင်းဖုန်းကိုင်ရအောင် ကျွန်တော်ကခင်ဗျား...."

" ဟင် ဆက်ပြောလေ "

ဆက်ပြောစရာစကားများက သူ့မျက်နှာ ပြုံးစိစိအောက် ပျောက်ကွယ်သွားရသည်..

ဘယ်လောက်ပဲ အပြုအမူတွေက သူ့ကို Seduce လုပ်နေပါတယ်ဆိုဆို တရားဝင်ဖွင့်ပြောထားတာမဟုတ်တဲ့အတွက် သူ့ဘက်ကသာ စပြောမိရင် ...

" တော်ပြီ ခင်ဗျားပြန်တော့ .. ဘာမှစိတ်ပူစရာမလိုဘူး ... ကျွန်တော်မအားလို့ ဖုန်းမကိုင်တာ ရပြီလား "

သူပိတ်ပြောပြီး လှည့်ထွက်ပေမဲ့ ခြေထောက်က သူ့စကားနားမထောင်ပါ ..

လှည့်ပြေးသော သူ့အား ဖမ်းဆွဲလိုက်ပါသော ကိုလူကြမ်း ...

" လွှတ်စမ်း .. "

သူရုန်းပေမဲ့ ထိုလူကတော့ မလွှတ်ပါ ...

" ကိုယ်ဘာလုပ်နေမိလို့ .. မင်းကိုယ့်ကို ဒီလိုတွေ ပြင်းပြင်းထန်ထန် ငြင်းထုတ်နေတာလဲ .. ကိုယ်တစ်ခုခု မင်းအပေါ် အမှားလုပ်ထားတာများ ရှိလို့လား "

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Où les histoires vivent. Découvrez maintenant