ROBOT (အသက်​မဲ့ နှလုံးသားတစ်​စုံ) Part-1

384 21 2
                                    

လန်​ကျန့်​•••{အတိတ်​ရဲ့အရိပ်​တစ်​ချို့ကို ပြန်​ပြန်​​တွေးလိုက်​မိ​တိုင်း ကျွန်​​တော်​ကိုယ်​ကျွန်​​တော်​ ​ဒေါသဖြစ်​​နေမိပါတယ်​။ဘာလို့လဲဆို ကျွန်​​တော်​ သူကိုမကာကွယ်​​ပေးနိုင်​ခဲ့ဘူး​လေ။အိမ်​​ရှေ့ခြံကွက်​လပ်​ မြက်​ခင်းစိမ်း​လေး​ပေါ်မှာကျွန်ေ​တ်ာတစ်ေ​​ယာက်တည်း ​​ထိုင်​ရင်း အရင်​အ​ကြောင်းများစွာကို ​တွေးမိ​တွေးရာ ​တွေး​တော​နေခဲ့မိပါ​တော့တယ်​။}

××××××

ဒေါက်​​...​ဒေါက်​...​ဒေါက်​(တံခါး​ခေါက်​သံ)

ကျန်းချန်​•••သား​ရေ။မိုးလင်း​နေပြီ​လေ အခုထိမထ​သေးဘူးလား။ထ​တော့ မနက်​စာစားဖို့ သားကို​စောင့်​​နေကြတယ်​။အ​မေ​ပြောတာကြားလား။

လန်​ကျန့်​•••{မနက်​​စော​စော နှိုး​လေ့ရှိ​သော သာယာတဲ့ အ​မေ့ရဲ့နှိုးစက်​အသံ​ကြောင့်​ ကျွန်​​တော်​အိပ်​​နေရာမှ ကုန်းရုန်းထလိုက်​မိပါတယ်​။ပြီး​တော့ အခန်းတံခါးကိုဖွင့်​လိုက်​ပြီး} သားနှိုး​နေပါပြီ အ​မေ။

ကျန်းချန်​•••အွမ်း...အ​မေ့သား​လေး သွားမျက်​နှာသစ်​၊အဝတ်​အစား​တွေလဲပြီး ​အောက်​ထပ်​ဆင်းလာခဲ့ လူကြီး​တွေကမင်းကို ပြန်​​စောင့်​​နေရတယ်​။မြန်​မြန်​လုပ်​ပြီး ဆင်းလာခဲ့​နော်​။ပြန်​အိပ်​မ​နေနဲ့ ကြားလား။

လန်​ကျန့်​•••ဟုတ်​ကဲ့ပါ အ​မေရဲ့။{လန်​ကျန့်​တစ်​​ယောက်​ မိသားစုနဲ့အတူတူမနက်​စာစားရန်​ ​အောက်​ထပ်​မှာရှိ​သော ထမင်းစားပွဲရဲ့ထိုင်​ခုံ​လေး​ပေါ်မှာ​နေရာယူ၍ထိုင်​လိုက်​ပါတယ်​။ထိုစဉ်​ လူစုံ​အောင်​​စောင့်​ရင်း သတင်းစာ​ဖတ်​​နေ​သော အ​ဖေဖြစ်​သူမှ}

ဇယ်​ဝူကျွင်း•••လန်​ကျန့်​ မင်းလဲ​ကျောင်းပြီး​နေပြီ အ​ဖေ့ရဲ့ကုမ္ပဏီမှာ အလုပ်​​လေးဘာ​လေးတစ်​​နေရာ​လောက်​ယူပြီး အလုပ်​လုပ်​ဖို့စိတ်​ကူး​လေးဘာ​လေးများမရှိဘူးလား။

လန်​ကျန့်​•••ဟာ အ​ဖေကလဲ သားအ​ဖေ့ရဲ့အလုပ်​​တွေစိတ်​မဝင်​စား​သေးဘူး။ပြီး​တော့ သူ​ဌေးသားဆိုပြီး​တော့ မိဘရဲ့အရှိန်​အဝါနဲ့အလုပ်​​နေရာ တစ်​ခုကိုလွယ်​လွယ်​ကူကူမရ​ခြင်​ဘူး။ကိုယ့်​ဘာသာကြိုးစားပြီး ရတဲ့အရာကိုပဲ သားလိုခြင်​တယ်​။

ROBOT (အသက်​မဲ့ နှလုံးသားတစ်​စုံ)Where stories live. Discover now