21

10 1 0
                                    

အထာကျတဲ့ အချစ်

          Wiyo love

               Part 21

    '' omma ''

''  aww  YoYo ya ပြန်လာပြီလား ''

'' nae ပြန်ရောက်ပြန်ပါပြီ ''

  တိုက်ခန်းထဲ ဝင်ဝင်ချင်း
ommaကို နုတ်ဆက်လိုက်ရာ omma က ပြန်နုတ်ဆက်သည်
ommaကိုကြည့်ရတာ ပျော်စရာ တစ်ခုခု ရှိမည့်ပုံပင်
ဆိုးလ် ရောက်ကထဲက ommaပျော်နေတာ မတွေ့ခဲ့ရ
အခု ommaမျက်နှာက ပြုံးလို့ ရွှင်လို့  ဘာကြောင်း ကြောင့်ပါ့လိမ့်

   '' yoyo ကို omma ပြောစရာ ရှိတယ် ''

'' ကျွန်တော့် ကို    
    ဘာပြောမလို့ လဲ omma ''

''   မနတ်ဖြန် omma တို့  အိမ်ပြောင်းရမယ် ''

   yoyo ကအံ့သြသွားသည်
ဒီတိုက်ခန်းလေးတောင် မနည်း ခြစ်ကုတ်ပြီးငှားထားရတာ လတိုင်းလဲ အခန်းခပေးမယ်လို့  အိမ်ရှင်ကို ပြောပြီးသား
အခြား တန်ဖိုးတူ တိုက်ခန်းတွေထက်စာရင် ဒီ အခန်းက ပိုကျယ်ဝန်းသည်လေ
omma က ဘာလို့ 
    
'' wae  omma ''

'' yoyo. သူငယ်ချင်းက ဝယ်ပေးထားတာတဲ့
  yoyo ကိုလဲ ပြောပြီးသားဆို  ''

ဟင် ဒီကိစ္စ wiwi ကလွဲပြီး အခြားသူ မဖြစ်နိုင်
သေချာသွားအောင် omma ကို ထပ်မေးမိသည်

'' ဘယ်သူလဲ  omma ''

'' Wiwi တဲ့ ''

ဘာလဲ ဘာလို့  တိုက်ခန်းဝယ်ပေးလဲ ဘာလို့ လဲ
ဂျယ်ဂျူး က ကိစ္စ အတွက် နစ်နာကြေးပေးတာများလား
နစ်နာကြေး ပေးရအောင် ငါသူ့ ကို ချစ်လို့  ပေးခဲ့တာလေ
သူက ငါ့ကို မချစ် လို့ 
ခုလို လုပ်တာလား ပစ်ချခဲ့ချင်လို့ လား မဖြစ်ဘူး မဖြစ်ဘူး သူ့ ကို  မေးရမယ်

  '' omma ကျွန်တော် အပြင်ခနသွားဦးမယ် ''

'' ဟင် အခုပဲ ပြန်ရောက်တာလေ ဂရုစိုက်သွားနော် ''

'' nae omma ''

yoyo တစ်ယောက် သူ တွေးချင်ရာ တွေးပြီး အထုတ်တွေ ချထားခဲ့ကာ wiwi ဆီကိုသွားတော့သည်
omma က စိုးရိမ် လို့  စကားလှမ်းပြောသော်လဲ
ဟုတ်ကဲ့ဟုသာ ပြန်ပြောနိုင်သည်

  Bus ကားပေါ်တွင် လဲ ဂနာမငြိမ်
Potay hyung ဆီဖုန်း ဆက်ကာ wiwi အိမ်လိပ်စာ လှမ်းတောင်းလိုက်သည်
ထို့ နောက်
wiwi ဆီကို ဖုန်းဆက်လိုက်သည်

အထာကျတဲ့ အချစ် Where stories live. Discover now