BLOFA (13)
မှတ်သည်းခြေမရှိတဲ့သူ နှင့် ယုတ်မာတဲ့သူ" ညီတော် Shun
မနေ့က ခမည်းတော်ရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ဝင်တွေ အစီအစဉ်တကျ လုပ်ကြံခံရတယ်။ ခေါင်းဆောင်အပါအဝင် ကိုယ်ရံတော် ၂၈ ယောက် အသတ်ခံလိုက်ရတယ်။ လုပ်ကြံသူတွေတစ်ချို့ကို ဖမ်းမိပေမယ့် သူတို့အားလုံး ဟာရာကီရီ [ဆာမူရိုင်း Suicide ] လုပ်ပစ်ကြတယ်။ လုပ်ကြံတဲ့သူတွေက ဆယ်ယောက်လို့ ခန့်မှန်းထားတယ်။ ခုဆိုရင် နန်းတွင်းထဲမှာ သူလျိုတွေ တဖြည်းဖြည်း စိမ့်ဝင်လာပြီ။ နန်းတွင်းက အရင်လို မလုံခြုံတော့ဘူး။ မင်းနဲ့တိုင်ပင်ချင်တယ်။ ပြန်လာခဲ့ပါလား။ မင်းလည်း အစစအရာရာဂရုစိုက်ပါ။
Akashi "
သူသွားနေကြ ဆောင်ကြာမြိုင် က သူပုံမှန်ယူနေကြ သီးသန် ့ အခန်းထဲထိ စာပို့ခိုနဲ့ စာပို့တဲ့ Akashi ကို Shun တစ်ကယ်စိတ်ပျက်မိသည်။
သူ့ပုခုံးကို မှီထားတဲ့ ဂေးရှားမယ်လေးကို အသာတွန်းထုတ်ပြီး သူ အိမ်ပြန်လာခဲ့သည်။ အိမ်ထဲ ပြန်ရောက်သည်နှင့် Akashi ရဲ့ စကားတွေကို သူပြန်သုံးသပ်လိုက်သည်။ ကိုယ်ရံတော် တပ်ဖွဲ့ ဝင်တွေ လုပ်ကြံခံရတာကို သူတွေးရင်း ဖြစ်နိုင်ခြေရှိသမျှက်ို သူချရေးနေမိသည်။
ဘာဖြစ်ဖြစ် လုပ်ကြံသတ်ဖြတ်သူရဲ့ ရည်ရွယ်ချက်က ရှင်းလွန်းနေသည်။ ဧကရာဇ်ကို မလိုလားတဲ့သူတစ်ယောက်ယောက်ဘဲ ဖြစ်ရမည်။ စစ်သူကြီး ကနေ နန်းသိမ်းပြီး ဘုရင် ဖြစ်လာသူမို့ ရန်သူများပြီး မကြာခဏ လုပ်ကြံခံရသည်။ ဒါပေမယ့် လုပ်ကြံသူတွေဟာ စေ့စပ်လွန်းတဲ့ ဧကရာဇ်ရဲ့ အဆင့်ဆင့် ဖွဲ့ထားသော ကိုယ်ရံတော်အဖွဲ့ကိုမှ အနိမ့်ဆုံး အဖွဲ့ဝင်တွေကိုတောင် မကျော်နိုင်ခဲ့ကြပေ။
ခုထိ ဆယ်ခေါက်ထက် မနည်း လုပ်ကြံခံရပေမယ့် ဧကရာဇ်အပါး ခွေးတွေလို သစ္စာစောင့်သိလွန်းတဲ့ အမတ်တွေ၊ စစ်သူကြီးတွေကြောင့် တော်တန်ရုံ နန်းလုဖို့ကြံတဲ့သူ တွေ ၊ ပုန်ကန်တဲ့သူတွေ ၊ သူလျိုတွေဟာ ဧကရာဇ်ကိုတောင်စေ့စေ့မကြည့်ရသေးခင် မရှုမလှ ဇာတ်သိမ်းသွားတာချည်း။ ထို့ပြင် နယ်မြေကို ဆာလောင်လှသော ဧကရာဇ်ဟာ Nara အင်ပါယာကို ကြီးသထက်ကြီးလာအောင် နယ်ချဲ့သောကြောင့် သူ့လက်အောက်ခံ ခေါင်းဆောင်တွေဟာ အင်မတန်ကျယ်တဲ့ နယ်မြေတွေကို အုပ်ချုပ်ရတဲ့အတွက် တော်ရုံ မပုန်ကန်လိုကြချေ။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...