BLOFA (14)
Boi In Shrine Maiden Outfit" ငါ..Iori ...ဘယ်တော့မှ ပြောပြီးသား စကားတွေက်ို ပြန်မရုတ်သိမ်းတတ်ဘူး။ ငါဂတိကိုလည်း ငါမမေ့ဘူး။ မင်းနောက်ကို ငါမိန်းကလေးပုံစံနဲ့ လိုက်ခဲ့မယ်။ ငါ့စကားက ငါ့သက်သေ ငါ့ဂတိဘဲ "
အာလေးလျှာလေးဖြင့် Iori လေသံအတိုင်းတသဝေမတိမ်းပြောလိုက်သော Shun ကြောင့် Iori သတ္တမအကြိမ် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲလိုက်သည်။
အချင်းချင်းမို့ အရက်မူးနေချိန် စိတ်လွတ်ကိုယ်လွတ် လုပ်ချင်ရာ လုပ် တတ်ပေမယ့် သေသေချာချာပြန်တွေးကြည့်လျှင် ဖြစ်ပျက်သမျှကို မှတ်မိနေတတ်တဲ့ မှတ်ဉာဏ်ကို Iori ပထမဦးဆုံးအကြိမ်အပြစ်တင်မိသည်။
" ကဲ အထုတ်ပြင် ငါ့နောက်လိုက်ခဲ့ "
" ဘာလို့လဲ ... ယောကျာ်းလေးအတိုင်းသွားတော့ရော ဘာဖြစ်မှာမို့လဲ "
" အော်ဟော်.. မင်းပေးခဲ့တဲ့ ဂတိကို ပြန်ရုတ်သိမ်းမလို့လား။ ရှက်ဖို့ကောင်းလိုက်တာ "
တကယ်လည်း လိုက်ချင်တာ မဟုတ်ပါဘဲ ဘာလို့ အရက်မူးနေတုန်း ရူးရူးမိုက်မိုက် ဂတိပေးခဲ့လည်း Iori ကိုယ့်ကိုယ်ကိုယ် တကယ်နားမလည်။
" ငါ... မလိုက်တော့ဘူး "
" မင်းကအဲလိုလား..။ ဟုတ်ပြီလေ။ ငါ..Iori...ဘယ်တော့မှပြောပြီးသားစကားတွေကို ပြန်-"
" တော်.... တော်... ငါလိုက်မယ် "
Iori လက်လျှော့လိုက်သည်။ တစ်မနက်လုံး ဒီဂတိစကားက နှိပ်စက်နေတာ ။
" ဒါပေမယ့် ငါ့ဆီမှာ မိန်းကလေးအသုံးအဆောင် ဘာမှ မရှိဘူး "
Iori အကြောင်းပြချက်ကို ရှာကြံပေးလိုက်သည်။
" စိတ်မပူနဲ့။ ဒီမှာ မျက်နှာချေတွေ "
Shun ဆိုတာကလည်း သူတစ်ပါးကို မဟုတ်တာ လုပ်ခိုင်းဖို့ဆို မီးကုန်ယမ်းကုန် ထောက်ပံ့ပေးတတ်သူ။ စားပွဲပေါ် တင်ပေးလိုက်တဲ့ ပစ္စည်းတွေကို စမ်းရင်း Iori အလန့်တကြားပြောသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...