For Zawgyi
တစ်ပတ်တိတိ ပျောက်နေခဲ့ပြီး သူ့ရှေ့ကို စီနီယာပြန်ရောက်လာသည် ..
သူအစမဖော်ဖြစ်သလို စီနီယာကလည်း အနေခက်နေတဲ့ပုံမပေါ်ပါ ...
သူ့ကိုပုံမှန်အတိုင်းပဲ ဆက်ဆံသည် .. သူကျူရှင်တက်ဖို့ အိမ်ကိုလာပတ်ခေါ်သည် ... ကျူရှင်က တစ်လမ်းတည်းဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ...
စီနီယာရဲ့လက်မှာ ဟန်းချိန်းလေးတစ်ခု ပတ်လာတတ်သည် ...
ဟန်းချိန်းလေးက လှသည် .. ပလက်တီနမ်ဖြစ်မည်ထင်သည် ... စီနီယာနဲ့ သိပ်လိုက်ဖက်သည် ...
တစ်ခုပါပဲ ဒီလိုဟန်းချိန်းမျိုးကို တခြားမိန်းကလေးတစ်ယောက်ရဲ့လက်ထဲမှာ သူမြင်ဖူးနေတာပါပဲ ...
အဲ့ဒီမိန်းကလေးက စီနီယာရဲ့ IG Live မှာတွေ့ခဲ့တဲ့ မွေးနေ့ရှင်မမလှလှပဲ ..
စီနီယာနဲ့အဲ့မမက ဘာတော်လဲ သူမမေးဘူး ...
စီနီယာဖြေလာမဲ့ အဖြေကို သူမကြားရဲတာမျိုးပေါ့ ....
ဒီနေ့လည်းအိမ်ရှေ့ရောက်နေပြန်ပြီ ... အပြင်ကပြန်လာတဲ့အမေက စီနီယာကိုတွေ့သွားတယ် .. သိပ်ကို လူမှုဆက်ဆံရေးကောင်းတဲ့ စီနီယာကို အမေက မြင်မြင်ချင်းသဘောကျသွားတယ် ...
အိမ်ထဲဝင်လာဖို့ဖိတ်ပြီးတော့ ... သူ့ကိုအမေကဆူတယ် ... စီနီယာတစ်ယောက်ကို အိမ်ပြင်မှာပဲ ထားလို့ဆိုတဲ့အကြောင်းနဲ့ ...
စီနီယာက သူ့ကို မျက်ခုံးပင့်ပြသည်.. သူက ခေါင်းခါကာ စိတ်မဝင်စားကြောင်းပြလိုက်သည်...
" သားနာမည်က ဘယ်လိုခေါ်လဲ "
" စိုးခန့်ပါခင်ဗျ ကောင်းကောင်းနဲ့မေဂျာတူတူပဲ "
" ဟုတ်လား ... ကောင်းကောင်းက သားအကြောင်းတစ်ခါမှမပြောပြဖူးဘူး ...သားက အခု ဘယ်နှစ်လဲ "
အမေက အအေးတစ်ခွက်ချပေးရင်း စီနီယာ့ကို စပ်စုနေတယ် ... အမေ့ကြည့်ရတာ သားမက်တစ်ယောက်ကိုကြည့်သလိုမျိုး စီနီယာကိုကြည့်နေတာ...
ဒါပေမဲ့ အမေ့မှာ သမီးမရှိဘူး တူမတော့ရှိတယ် ... အစ်မရဲ့သမီး ...
DU LIEST GERADE
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...