Ep...8(z&u)

1.1K 95 3
                                        


""""""""""""""

Mall ထဲ လျှောက်နေရသည်မှာ
မနက်ကိုးနာရီထဲက...
ခြေထောက်တွေပင် တိုဝင်တော့မတတ်
တစ်လတစ်ခါ သူကိုယ်တိုင်စစ်ဆေးနေကျ
ဆိုင်ခန်းတွေဆီ အတွင်းရေးမှူး နဲ့အတူ
လာစစ်ဆေးခြင်းဖြစ်သည်

နောက်တစ်ဆိုင်ဆိုရင်တော့ ပြီးပြီမို့
တောင့်တင်းနေတဲ့ခြေထောက်တွေကို
ဥပေက္ခာပြုပြီး ဘယ်ဘက်ခြမ်းက
သူတို့companyပိုင် ဆိုင်လေးဆီ

ဒီဆိုင်က ရေမွှေးသီးသန့် ဆိုင်လေးဖြစ်
သည် company က Brand တစ်မျိုး
ထဲကိုပဲ တင်သွင်းတာမို့
ရနံ့အစုံ အရွယ်အစားအစုံရပေမယ့်
Brandအစုံတော့မရှိ

အဝယ်ယူဆုံး ရနံ့အမျိုးအစား လူကြိုက်
အများဆုံး အရောင်းရဆုံးတွေကို
စာရင်းကောက်ယူပြီး ရေမွှေးပုလင်းလေး
တွေတင်ထားရာ စင်တွေဆီ
တချက်ကြည့်မိသည်

ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်မှ
လွဲ၍ ဆိုင်ထဲမှာ လူရှင်းလှသည်
ရေမွှေးဆိုတော့လည်း အစားအသောက်
ဆိုင် အဝတ်အစားဆိုင်တွေလို
လူမရှုပ်တာ သိပ်မထူးဆန်းလှ

လျှောက်ကြည့်နေရင်း customer
ကိုင်ထားသည့် ခရမ်းဖျော့ရောင် ရေမွှေး
ပုလင်းလေးကိုမြင်တော့...
နောက်နှစ်ရက်ဆို ကျောင်းသွားတက်
တော့မည့် Nong Pink ကို
လက်ဆောင်ပေးချင်လာသည်

ချစ်စဖွယ် ပုလင်းပုံစံလေးက အလှကြိုက်
သည့် မိန်းကလေးတို့အတွက်
မက်မောဖွယ်ရာ....
Customor နားရပ်လိုက်ပြီး စင်ပေါ်ရှိ
ပုံစံတူပုလင်းလေးကို လှမ်းယူမယ်အကြံ
ချက်ချင်းကြီး လှည့်ထွက်လာသည့်
လူငယ်ရဲ့လက်ထဲက ရေမွှေးပုလင်းလေး
ကို တိုက်ချမိလျက်သား....

"Oiiiii....oiiii...oii....."

နှစ်ယောက်သား ရေမွှေးပုလင်း ကြမ်းပြင်
ပေါ် ကျမကွဲခင် လေထဲမှာ လိုက်ဖမ်း
နေမိကြတော့
ကြမ်းပြင်ပေါ်ရောက်ဖို့ 20 cm လောက်
အလိုမှာမှ
ရေမွှေးပုလင်း ကိုဆုပ်ကိုင်ထားသည့်
ကောင်လေးရဲ့လက်ကို
သူ့လက်က ဆုပ်ကိုင်မိသွားသည်

ဒူးတစ်ဖက်ထောက်ထိုင်နေရာက
သူဆုပ်ကိုင်ထားမိသည့်
ကောင်လေးကို မော့ကြည့်မိချိန်

ခုနက ဘေးတစောင်းမြင်နေရတာမို့
ဘယ်သူမှန်းသေချာမသိ
ခုတော့....စားဖိုမှူးကောင်လေးတဲ့လား...
အရင်နှစ်ခေါက်တုန်းက သေသပ်စွာ
ဖြီးသင်ထားသော ဆံပင်စတိုင်လ် နှင့်

Poison Of PastTempat cerita menjadi hidup. Temukan sekarang