13

3.3K 339 13
                                    

For Zawgi

ကားမောင်းနေတဲ့စီနီယာကို သူတမင်လှည့်မကြည့်ဖြစ်အောင်နေလိုက်တယ်.. ပြီးတော့ ပင်ပန်းလာသလို နောက်မှီကိုမှီပြီးတော့ သူအိပ်ချင်ယောင်ဆောင်ရင်း မျက်လုံးမှိတ်ထားလိုက်တယ် ....

နောက်ကသူငယ်ချင်းသုံးယောက်ကတော့ ... ဒီနေ့ ဖြေတာမှန်မမှန်တိုက်နေကြတုန်းပဲ ... သူကအဲ့လိုအဖြေတိုက်တတ်တဲ့အကျင့်မရှိလို့ သူငယ်ချင်းတွေက သူ့ကိုမခေါ်ကြဘူး ...

နားတော့စွံ့ထားမိတာပေါ့ ... ဘာလုပ်နေလဲ သူသိအောင်လို့ ...

သုံးယောက်လုံးကားပေါ်ကဆင်းသွားပြီးတဲ့နောက်... စီနီယာကကားကိုမောင်းထွက်လိုက်တယ် ...

အိမ်နားရောက်ခါနီး သူသမ်းဝေပြီး အိပ်ယာကနိုးလာသလို သူပြုမူလိုက်တယ် ....

ဒါပေါ့ ....မျက်လုံးလေးတွေမှာ သမ်းဝေလို့ရလာတဲ့ မျက်ရည်လေးတွေသီနေဖို့လည်းမမေ့လိုက်ဘူး ...

" ဟွန်း အွန်း .. အိမ်တောင်ရောက်နေပြီပဲ ... ကျေးဇူးပဲ အစ်ကို ... ကျနော်သွားပြီ ..."

စီနီယာရဲ့လက်ကို သူ့လက်နဲ့အသာပုတ်ပြီး ကျေးဇူးတင်ကြောင်းပြောကာ သူကားပေါ်ကဆင်းလိုက်တယ် ...

ပြီးတော့ စီနီယာ့ကို ကားအပြင်ကနေ သွားစွယ်လေးတွေပေါ်တဲ့အထိ သူရယ်ပြပြီး အိမ်ထဲဝင်လာခဲ့လိုက်တယ်.....

အပေါ်ထပ်သူ့အခန်း ခန်းစီးအကာရဲ့ နောက်ကနေသူကြည့်မိတဲ့အချိန်ထိ စီနီယာရဲ့ကားက မထွက်သေးဘူး ...

သူ့အခန်းရှိရာဘက် မျက်နှာလှည့်ပြီးကြည့်နေတယ် ... ပြီးတော့ သဘောကျသလိုရယ်တယ် ....

" သဘောကျဖို့ပဲ လိုတယ် အစ်ကို..... အစ်ကို့အတွက် ... ပြောင်းလဲပေးဖို့ ကျနော်ကတော့ အဆင်သင့်ပဲ ... အစ်ကိုလိမ္မာဖို့ပဲလိုတာ ... လိမ္မာရင် .. အကုန်လုံးက အစ်ကို့အတွက်ပဲ "

ခပ်မဲ့မဲ့တစ်ချက်ပြုံးရင်း စီနီယာမကြားနိုင်သည့်တိုင် .... သူပြောမိတယ် ..

စီနီယာ ... ခင်ဗျားတော့ မဲနှိုက်မှားပြီ ... သူကခဲမိရင်လုံးဝမလွှတ်တော့တဲ့ ခွေးရူးလေးမို့ ....

.....................

စာမေးပွဲဖြေတဲ့ ၈ရက်လုံး စီနီယာက သူ့ကိုအိမ်ကိုပြန်လိုက်ပို့ပေးတယ် ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora