🔆1🔆

15.2K 783 7
                                    

[ZAWGYI]🔆

ကျွန်တော့နာမည် ရှောင်းကျန့် ။

"တုံးဟန်"အထက်တန်းကျောင်းမှာ G3တက်နေတဲ့ စီနီယာကျောင်းသားပေါ့ ။

ကျွန်တော့်ဘ၀က ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူးလေ ။ အစိုးရ၀န်ထမ်းအဖေနဲ့ ကုမ္ပဏီဝန်ထမ်းအမေတို့ရဲ့ တစ်ဦးတည်းသောသား ။

အိမ်ပြန်ရောက်တိုင်းမှာကြိုဆိုပေးမယ့်သူမရှိဘဲ တစ်ယောက်တည်း တံခါးဖွင့်ဝင်ရတဲ့သူ ။

ကျွန်တော် အထက်တန်းစတက်တော့ အဖေနဲ့အမေက တရားဝင်ကွာရှင်းပြတ်စဲလိုက်ကြတယ် ။

မိသားစု ၃ယောက်အတူနေခဲ့တဲ့ တိုက်ခန်းလေးက အခုတော့ ကျွန်တော် တစ်ယောက်တည်းပဲပေါ့ ။

ဒါကလည်း သိပ်တော့မထူးဆန်းပါဘူး ။ အရင်ထဲကလည်း တစ်ယောက်တည်းနေခဲ့တာပဲလေ ။

အဖေရော အမေရောက တစ်လတစ်ခါ ပိုက်ဆံမှန်မှန်ပို့နေတာမို့ ဒီလိုနေရတာကို လွတ်လပ်တယ်လို့တောင် ကျွန်တော် ခံစားမိနေသေးတယ်

ကျွန်တော့်ကို မျက်နှာချိုတယ်လို့ပြောကြတယ် ။ ဒါကြောင့်မို့ထင်တယ် ။ ကျွန်တော့်ကို တော်တော်များများက ခင်မင်ကြတယ် ။

ဒီအထဲက ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေကတော့ ထျန်းမင် ၊ ပင်းပင်း နဲ့ ပင်းရွှယ်တို့ပဲ ။

ကျွန်တော်တို့ ၄ယောက်က ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာပေါ့ ။

မူကြိုတက်တဲ့အချိန်ကနေ အထက်တန်းကျောင်းရောက်သည်အထိ မခွဲမခွာအတူတူရှိခဲ့ကြတယ် ။

သူတို့ရဲ့မိဘတွေကလည်း ကျွန်တော့်အတွက် မိဘတွေလိုပါပဲ ။

ပင်းပင်းနဲ့ပင်းရွှယ်တို့ အမြွှာမောင်နှမအိမ်က ကျွန်တော့်အိမ်နဲ့ အနီးဆုံးမို့ မကြာခဏဆိုသလိုပဲ ညစာသွားစားဖြစ်ပါသေးတယ် ။

ကျွန်တော်က စာတော်တဲ့ကျောင်းသားမဟုတ်ဘူး ။

အနေအေးတဲ့ကျောင်းသာမဟုတ်ဘူး ။

ပျော်ပျော်နေတတ်ပြီး စာသင်ချိန်တွေကိုလည်းပျင်းရိတတ်တဲ့ သာမန်ကျောင်းသားလေးတစ်ဦးပါပဲ ။

ချိုချဉ် (ချိုချဉ် ) Where stories live. Discover now