အပိုင်း(၇)များပြားလွန်းသော ကြွေးအရှုပ်တော်ပုံ

811 92 0
                                    

အပိုင်း(၇)များပြားလွန်းသော ကြွေးအရှုပ်တော်ပုံ

ကျန်းရီသည် ဘယ်လိုအလျော်ပေးရမည်လဲ သို့မဟုတ် ဘာနဲ့အလျော် ပေးရမည်လဲကို မသိသေးသော်ငြား အံကြိတ်၍ မေးလိုက်သည်။

"မင်း ငါ့ကို ဘယ်လို အလျော်ပေးစေချင်လဲ"

အိမ်တော်ထိန်းသည် အသာအယာပြုံးလိုက်ကာ ကိစ္စကို ဖြေရှင်းသယောင်နှင့် အေးအေးဆေးဆေး ပြောလာခဲ့သည်။

"အဲ့ဒီ ပန်းချီကားက ပုလဲမှုန်အစည်းအရုံးဗိမ္မာန်မှာ ဝယ်လာခဲ့ပြီးတော့ ခရမ်းရောင်ရွှေဆယ်တုံး ကုန်ကျခဲ့တယ်၊ မင်းတွေးကြည့် ငါမင်းဆီက အများကြီး မလိုချင်ပါဘူး....မင်းလုပ်ပေးရမှာဆိုလို့ ပန်းချီကားရဲ့ မူရင်းတန်ဖိုးကိုဘဲ ပြန်ပေးရမှာပါ၊ မဟုတ်ရင်တော့... ဟီး..ဟီး...မင်းတို့ နှစ်ယောက်လုံးကို သေအောင်ရိုက်ရင်တောင်မှဘဲ ငါ့တို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်လေ"

"ခရမ်းရောင်ရွှေ ဆယ်တုံး?"

ကျန်းရီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ သူ၏ လစဉ်ဝင်ငွေသည် ငွေတုံး တစ်ခုထက်တောင် နည်းသေးသည်။  ခရမ်းရောင်ရွှေ တစ်တုံးသည် ငွေအတုံးတစ်ရာနှင့်  ညီမျှသည်။ ကျန်းရီကို ရောင်းလိုက်လျှင်တောင် ခရမ်းရောင်ရွှေ ဆယ်တုံး မရနိုင်ပေ။ အနှီ လူကြီးသည် ကျန်းရှောင်နူကို ကျန်ခဲ့ရအောင်လုပ်မည်ဟု  စိတ်ဆုံးဖြတ်ထားပုံရသည်မှာ ထင်ရှားသည်။

သူတို့ကို အသေခံပြီး တိုက်ခိုက်မည်ဆိုလျှင်ရော?

ကျန်းရီသည် သူ့ခေါင်းကိုသာ ခါယမ်းလိုက်သည်။ အပြင်တွင် လူအများကြီး ရှိသေးသည်၊ သူ့တွင်လည်း အနက်ရောင်အတွင်းအား မကျန်တော့ချေ။ သူသာ ခက်ခဲသော လမ်းကို ရွေးမိပါလျှင် နှစ်ယောက်လုံး ကျန်ရစ်ရကာ ပြီးဆုံးသွားနိုင်သည်။

အိမ်တော်ထိန်းသည် မှန်ခဲ့ပေသည်။ သူတို့သည် ကျန်းရီတို့ နှစ်ယောက်ကို သေအောင်ရိုက်လိုက်လျှင်တောင် အရေးမကြီးပေ၊ ကျန်းမိသားစုသည် ဖြစ်ရပ်ကို ဒုက္ခခံ၍ စုံစမ်းမည် မဟုတ်သည်မှာ အသေအချာပင်။ အိမ်တော်ထိန်းသည် လိမ္မာပါးနပ်၍ မျက်လုံးများသည် ယုတ်မာမှုများနှင့် တောက်ပနေခဲ့သည်။ ကျန်းရီ၏ အဝတ်အစားမှသည် အစေခံမိန်းကလေး ရှောင်နူ ဤသို့လာရောက်၍ အလုပ်လုပ်သည့် အချက်ကို ကြည့်လျှင် တစ်စုံတစ်ယောက်သည် ကျန်းမိသားစုရှိ သူ၏ အလွန်နိမ့်ကျသော အဆင့်အတန်းကို ခန့်မှန်းနိုင်သည်။ သူ ပြဿနာ အကြီးကြီးကို မလုပ်ရဲသည်ကိုလည်း ခန့်မှန်းတွက်ချက် နိုင်ပါလိမ့်မည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now