Zawgyi
ကိုရီယားကနေ ပဲရစ်စ် (Paris) အသွားခရီးမှာတင် ချန်ယောလ်တို့နဲ့ ရီရှင်း စကားပြောခဲ့ကြတာဖြစ်သည်။
"ဂျွန်ဂျွန် အကိုရှင်းကိုချစ်နေတယ်"
ဆိုတဲ့ တစ်ခွန်းနဲ့တင် ရီရှင်းက သူ့နောက်မှာနွယ်နေတဲ့ ပြသနာမှန်သမျှကို ပြုံးပြုံးကြီး ချန်ထားခဲ့တာ။
သူ့ဖခင်ကိုတောင် " သဘောမကျရင် သားအဖြစ်ကစွန့်လွှတ်လိုက်" လို့ ဒဲ့ပြောခဲ့ပြီးသားမို့ ရှီရှင်းမှာ ဘာမှတွေးပူစရာမရှိ။
အိမ်ရှေ့စံရာထူးကနေ သူဖယ်ပေးလိုက်ရရင်တောင် နန်းတက်မဲ့ အကိုလုဟန်ရှိနေတာပဲလေ။လုဟန်ကသေချာပေါက် သူ့ကိုသတ်လောက်မယ်ဆိုပေမဲ့ ရီရှင်းဂရုစိုက်မနေပါ။
"ဂျွန်မြောင် က မင်းထင်တာထက်ပိုပြီး မာနကြီးတဲ့လူမျိုး ရီရှင်း လွယ်လွယ်တော့မင်းနောက်ပြန်ပါလာမှာမဟုတ်ဘူး"
"သူငါ့ကိုချစ်နေတယ်လေ"
"မင်းကိုချစ်ရက်နဲ့ အရှက်ခွဲသွားတာပဲကြည့်စမ်းပါဉီးကွာ ဟက်ဟက်"
"အင်းမ်"
"မင်းက သူ့မာနနဲ့အရှက်ကိုနင်းပစ်ခဲ့လို့ သူကမင်းဘဝကိုပြောင်းပြန်လှန်လိုက်တာ ရီရှင်း ဂျွန်မြောင်က မင်းထင်ထားသလို အချစ်ကိုဉီးထိပ်ထားမဲ့လူမျိုးမဟုတ်ဘူး"
"ငါ ပြန်ပေးဆွဲလိုက်ရင်ကော?"
"အင်း"
"ဟင်?"
"အင်းလို့"ဖျော်ရည်တစ်ခွက်ကို မျှင်းသောက်နေရင်း ပြောတဲ့ ဘတ်ဟျွန်း ထောက်ခံသံကြောင့် ရီရှင်းက တစ်ခဏတော့ ရောထွေးသွားတယ်။
နောက်မှ ဟန်ပါပါပြုံးလိုက်ရင်း ခေါင်းတစ်ချက်ငြိမ့်ပြလာရဲ့။ချန်ယောလ်အိပ်နေတုံးက သူတို့ တိုင်ပင်ခဲ့တာက ရိုးရိုးရှင်းရှင်းပဲ အနုနည်းနဲ့ချုပ်ကိုင်လို့မရတဲ့ ဂျွန်မြောင့်ကို အကြမ်းနည်းနဲ့ဖမ်းခေါ်ဖို့သာ ဖြစ်လာသည်။
ဂျွန်မြောင် ဖန်တီးခဲ့တဲ့ ပြသနာကိုဖြေရှင်းဖို့နည်းကိုပါဘတ်ဟျွန်းဆီက အကြံဥာဏ်ရခဲ့သေးလေရဲ့။
သတင်းကိုဒီထက်ပိုအမှန်အတိုင်းဖြစ်အောင် လုပ်ဖို့ပင်။အဲ့ဒီအတွက် သူ့အနားမှာသူ့လက်ကိုတွဲထားမဲ့ ဂျွန်မြောင်ရှိဖို့လိုသည်မဟုတ်လား။
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
FanfictionBoss will always protect his adorable Mochi!!