19

3K 296 3
                                    

For Zawgi

တတီတီမြည်လာတဲ့ဖုန်းသံကလေးက စီနီယာရဲ့ ဘောင်းဘီအိတ်ထဲက..

သူနဲ့စီနီယာ ဒီနေ့ရုပ်ရှင်ကြည့်ဖို့ချိန်းထားခြင်း..

ရောက်ကတည်းက ဂနာမငြိမ်ဖြစ်နေသော စီနီယာ.... ကြည့်ရတာ တစ်ခုခုချိန်းဆိုထားပုံရသည်...

သို့ပေမဲ့ စီနီယာက သူ့ရဲ့ချိန်းဆိုမှုကိုလည်း ပျက်ကွက်ချင်ပုံမပေါ်... ဟိုဘက်ကိုလည်း အားနာနေပုံရသည်...

သူ့ကိုကားနဲ့တင်ခေါ်လာပြီး အိမ်ကထွက်တာပဲရှိသေးတယ် ... ဖုန်းကလာနေပြီ ..

" ဖုန်းကိုင်လိုက်လေ .. "

" သိပ်အရေးမကြီးပါဘူး ... "

အင်း .. အရေးမကြီးဘူးဆိုမြှဖစ်မယ်... သူတစ်ယောက်တည်းကသာ စီနီယာရဲ့ဘဝမှာ အရေးအကြီးဆုံးဖြစ်နေရမယ်...

" ခဏခဏခေါ်နေတာလေ .... အရေးကြီးကိစ္စရှိလို့ထင်တယ် .. ကိုင်လိုက်ပါ မောင်ရာ "

သူအသံပျော့ပျော့လေးနဲ့ပြောတော့ စီနီယာက ကားကိုလမ်းဘေးချရပ်ပြီး ကိုင်လိုက်တယ်..

ဟိုကဘာပြောလိုက်လဲမသိဘူး .. စီနီယာက အံကြီးကြိတ်လိုက်တယ်...

" မလာနိုင်ဘူး "

".......... "

" ညနေကျရင်လာခဲ့မယ် .... ဖြစ်တယ်မလား "

ဖုန်းချလိုက်ပြီးတဲ့နောက် စီနီယာက ခေါင်းမှောက်ချလိုက်တယ်..

ငြိမ်နေတဲ့စီနီယာကို သူခဏကြည့်နေလိုက်တယ်..

ပြီးမှ စီနီယာရဲ့ပေါင်ကိုသူအသာထိလိုက်တယ်..

" မောင် ဘာဖြစ်လို့လဲ "

ငြိမ်ငြိမ်မနေတဲ့သူ့လက်ကြောင့် လက်တိုဝတ်ထားတဲ့ စီနီယာရဲ့လက်မောင်းတွေ ကြက်သီးလေးတွေ ထလာတယ်..

သူ့လက်တွေကိုလိုက်ဖမ်းပြီး သူ့လက်ကို စီနီယာက လက်ချောင်းချင်းထွေးယှက်ပြီး ကိုင်ထားလိုက်တယ်....

" မောင် ညနေကျရင် စောစောပြန်ရမယ် ... "

" ရပါတယ်မောင်ရဲ့ ... နေ့ခင်းပွဲပဲ ကြည့်မယ်လေ ... ဒါဆို မောင်ပြန်လို့ရတာပေါ့ "

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora