'Happy Birthday! ကျန့်ကော''ရှဲရှဲနီ လောင်ဝမ်'
hoodie နီနီနဲ့ အကို ချောချောလေးက သက်ရှည်ခေါက်ဆွဲ စားရင်း ပြံုးပြတယ်။
သူသာ အသက်တနှစ်တနှစ် ဂဏန်းတွေ တက်လာပေမဲ့ ကျန့်ကော ကတော့ ဒီအသက်အရွယ်မှာ ရပ်တန့်
နေသလိုပဲ။
အရင်တည်းက ပုံစံကျခဲ့တဲ့ မေးရိုးလှလှတွေက ခု ပိန်သွားချိန်မှာထင်းလင်းလို့ တရုတ်အမိမြေ ကြီးသာမက တခြား နေရာတွေကပါ ကြွေကျ မြေခနေကြပြီ။
ကျန့်ကောက စစတေွ့ခါစကလို လတ်ဆတ်နူးညံ့နေမြဲပဲ။တခါတလေ အမွှေးပွ ကြောင်လေးနဲ့တူတယ်....'ဒီနေ့ ရိုက်ကွင်းနားတာလား'
'မနားဘူး။ ညဘက်ရှိတယ်။ ပြန်သွားရမှာ'
'ငါ့ကလေးလေး ပိန်သွားတယ် ကြည့်စမ်း။ ကျန်းမာရေး ဂရုစိုက်အံုး'
' သွားတော့မယ်။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်အုံး။ ပြီးတော့ ကျွန်တော် ကလေးမဟုတ်တော့ဘူး။ ကလေးလို ဆက်ဆံတာတွေ နည်းနည်း လျော့.... '
ပြောရင်း bd present တွေ တောင်လိုပုံနေတဲ့ အပုံထဲက ပန်းသီးတလုံး ကောက်ဆွဲသွားတယ်။
' ဝမ်ရီပေါ် မင်း လူမှ ဟုတ်ရဲ့လားးး!!!'
ကျန့်ကောရဲ့ ခပ်စူးစူး အော်သံက နောက်ပါးကနေ ထပ်ကြပ်မကွာ ပါလာတယ်။
လက်ထဲပါလာတဲ့ ကိုက်လက်စ ပန်းသီးကို ဆက်ဝါးလိုက်ရင်း ရီပေါ် ပြုံးလိုက်မိတယ်။ကားထဲဝင်ထိုင်ပြီး ကျန့်ကော ရှိနေရာဆီ ပြန်ကြည့်လိုက်တော့ ခေါက်ဆွဲစားရင်း ဘေးက လူတွေနဲ့ စကားပြော နေဆဲပဲ။
'နေမကောင်းမဖြစ်ပါနဲ့။ တောက်ပပါ။ ပျော်ရွှင်ပါ။ ကျွန်တော်တို့ စတွေ့တုန်းကလိုပဲ ဆက်လက် လှပနေပေးပါ'
💖 Long Lasting Forever💖
ညရိုက်ကွင်းက အတော်နောက်ကျမှ ပြီးတာမို့ ကားပေါ်ရောက်တော့ အတော်ပင်ပန်းနေခဲ့ပြီ။
'Xiao Zhan bd မသွားတော့ဘူးလား။ '
'အင်းးးး'
'TU အဖွဲ့သားတချို့တော့ သွားကြတယ်။ ပုံတွေတောင် တက်လာပြီ။ '
ကြည့်လိုက်တော့ ပျော်နေသော မွေးနေ့ရှင်
ပုံရိပ်တွေ..' အိမ်ကိုမောင်းပြီနော်။ '