Unicode ( 1 to 5)

109 6 0
                                    

ခြောက်နေတဲ့ မြက်ပင်လေးတွေကို လက်လေးနဲ့ တို့ထိရင်း အတွေးနယ်ကျွံနေသူတစ်ယောက်။

သူ့မျက်နှာမှာ ပြုံးနေသလား ရယ်နေသလား
ဝမ်းနည်းနေသလား ပျော်နေသလား ဘာမှန်းကို မှန်းဆ မရတဲ့ မျက်နှာဖုံးကိုတပ်ဆင်ထား၏။

ဟိုး...အဝေးမှာ အော်ဟစ်မြည်တမ်းနေတဲ့ သင်္ဘောကြီးကိုပဲ ကြည့်ပြီးအားကျနေသလား?

ဟိုး...မိုးကောင်းကင်မှာ ကျီကျီကျာကျာနဲ့ တောင်ပံ တဖျတ်ဖျတ် ခတ်ပြီး လူးလာပျံသန်းနေတဲ့ ငှက်ကလေးတွေကိုပဲ အားကျနေသလား?

ဒါမှမဟုတ် သူ တို့ထိနေတဲ့ မြက်ပင်ခြောက်လေးတွေကိုပဲ သနားနေတာလား?

သူဟာ တစ်ယောက်တည်း အတွေးနယ်ကျွံနေပုံပေါက်ပေမယ့် တကယ်တော့ တစ်ယောက်တည်းမဟုတ်ပါဘူး?

"Minhyun ah~~~
မင်းမျက်နှာက ဘာဖြစ်နေတာလဲ .... မိဘတွေကိုသတိရလို့လား...
မင်းပဲ စိတ်ပြေလက်ပျောက်လာချင်တယ် အဖော်လိုက်ပေးပါဆိုလို့လဲ လိုက်လာရသေးတယ်
အခုကျတော့ လဲ ဘာမှ မပြောဘဲ ငိုင်ငိုင်ကြီး ဆိုတော့ ငါကဘာလုပ်ပေးရတော့မှာတုန်း"

Rina .. Minhyun အမရဲ့ သူငယ်ချင်း
အခု Minhyun နေတဲ့အဆောင် ပိုင်ရှင်ပေါ့
Seoul ကိုတက်လာပြီး ကျောင်းတက်ဖို့ ပြင်ဆင်ရင်း သူငယ်ချင်းလဲ မရှိသေးတဲ့minhyun အတွက် Rina က သူ့အမလိုပါပဲ။

MH : အဲ့လိုတော့လဲ မဟုတ်ပါဘူး။ မိဘတွေကို သတိရတာလဲ ပါပါတယ် ။ တစ်ခါမှ လည်း ခွဲ မနေဖူးဘူးဆိုတော့ ။ ပြီးတော့ ကျောင်းတက်တာ ၁လ ရှိပြီ သူငယ်ချင်းလဲ မရှိဘူး။ ဒါနဲ့ စိတ်ထဲ ဘဝင်မကျတာနဲ့ အမသာဆို လိုက်မှာပဲဆိုပြီး ခေါ်လာလိုက်တာ ကျနော်က Seoul ကိုသိပ်မကျွမ်းကျင်သေးဘူးလေ

စပ်ဖြဲဖြဲ နဲ့ပြောပြန်တော့လဲ Rina သူ့ကို အပြစ်မဆိုနိုင်ပြန်။ သူ့ အချစ်ဆုံး သူငယ်ချင်း ရဲ့ မောင် ။ ငယ်ငယ်ထဲက အတူတူ ကြီးပြင်းခဲ့ကြသူတွေဆိုတော့ သူ့မောင်အရင်းနဲ့ မခြား။ Rina ကိုယ်တိုင်ကလဲ မွေးရပ်မြေ Japan ကိုစွန့်ခွာပြီး အမေနဲ့ အတူ ကိုရီးယား မှာ သားအမိ နှစ်ယောက်တည်း ကြိုးပမ်းရင်းက ဒီလိုအခြေအနေထိရောက်ခဲ့တာပဲ။ အဖေကတော့ သားအမိ နှစ်ယောက်ကို လှည့်တောင်မကြည့်သူမို့ Rina ကလည်း Japan ပြည်ကို အင်မတန် မုန်းခဲ့ပြီ။

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now