Episode 07 (unicode)

37 5 0
                                    

"You can call me monster....... yo.... yo"

ဟုတ်ကဲ့ သာယာနာပျော်ဖွယ် အသံဆိုးနဲ့ အာပေါင်အာရင်းသန်သန် အော်နေတာအခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး Baozi ပါပဲ

အကြောင်းကတော့ ဒီနေ့ beach သွားကြမယ်လေ ၁ ပတ်လောက်မဖူးရသေးတဲ့မျက်နှာလေး မော်ဖူးခွင့်ရတော့မှာဆိုလို့ပျော်နေခြင်း

Cosplay ပွဲပြီးကတည်းက သူ့မှာမအားနိုင် သူတင်ပဲလား No No အမောင် Oh sehun ပါပါသဗျာ့ သူတို့ရဲ့ချစ်ချစ်လေးတွေရှေ့မှာ six pack တွေပြချင်တော့ နေ့မအား ညမအား jym သွားသွားကစားရတယ် ဒါတင်ပဲလား ဘယ်ကမလဲ style ထုတ်ဖို့ အင်္ကျီတွေလည်းဝယ်ရသေးရဲ့ အဲဒီလောက်ပြင်ဆင်ပြီးတာတောင် အားမရနိုင် အခုလည်းမှန်ရှေ့မှာပြင်နေတာမပြီးနိုင်

"ဟေ့ကောင် baozi မင်းဒီနေ့တော့ ပြီးဦးမှာပါနော်"
"ပြီးပြီ ပြီးပြီ"

ရေချိုးခန်းရှိမှန်မှာ ကွကိုတစ်ချက်သေချာရှိုးကာ ကမန်းကတန်းထွက်လိုက်တော့ ကိုယ်တော်ချော sehun ကအဝတ်ဗီဒိုကမှန်ရှေ့ ပြင်ဆင်ကောင်းနေတုန်း လဒလေး ငါ့ကျပြောပြီး သူကတော့မပြီးနိုင်သေးဘူး

"Oh se သွားမယ် နောက်ကျရင် ငါ့ cuttie လေးစိတ်ဆိုးသွားဦးမယ်"
"လာပြီ"

သူတို့နှစ်ယောက်ထွက်လာတော့ နာရီလက်တံက ၈ ကိုပြနေလေပြီ xiumin hyung အိမ်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်လို့ လူကောရှိရဲ့လားမသိ

"Xiumin hyung ...Luhan .. Hana..."
"အိမ်မှာလူမရှိဘူးလား"
"အေး တံခါးလည်းသော့ခတ်ထားတယ်"
"ဒီမှာလူစုမယ်လို့ပြောထားတာသေချာပါတယ်နော်"
"အေးလေမနေ့ကတောင်ငါနဲ့luhanပြောဖြစ်သေးတယ်"

Beautiful girl...all..
"Hello"
"Baozi!!!!"

ဘုရားဘုရား နားကိုအူထွက်သွားတာပဲ luhan အခုတလော အသံတော်တော်ပြဲလာသလားပဲ chen hyung အနားနေတာများသွားလို့လားမသိ

"ဖြည်းဖြည်းအော်ပါ luhan ရာ"
"မင်းတို့အခုဘယ်မှာလဲ"
"ဟင် xiumin hyung အိမ်မှာလေမင်းပဲ အဲဒီမှာလူစုမယ်လို့ ပြောထားတယ်ဆိုဒါနဲ့မင်းတို့က ဘယ်ရောက်နေတာလဲ အိမ်တံခါးကြီးလည်းပိတ်လို့"
"ဘာ!!!!"
"အ ဖြည်းဖြည်းအော်ပါဆိုကွာ"

"Hannie Hana ကိုဖုန်းပေး Hana ပြောပေးမယ်နော် minmin hyung ဒါလေးယူ ထားပေးပါဦး"
"ငါပြောမယ် မင်းအသာနေစမ်းပါ"
"ပေးပါဆို hannie ဒေါသထွက်နေတာကိုအရင်ထိန်းအုံး"

"ဟဲလို baozi"

ချိုလိုက်တဲ့အသံလေး မနက်စောစောကျက်သရေရှိလိုက်တာဗျာ

"ဟဲလို"
"အာ ဟဲလို hana ပြော"
"Baozi တို့ဘာလို့မလာသေးတာလဲဟင်ကားကထွက်သွားပြီ"
"ဘယ်ကကားလဲ"
"ဟင် beach သွားမယ့်ကားလေ မနေ့ကChannel ကားဂိတ်မှာစုံမယ်လို့ sehun ကိုပြောထားတယ်လေ"
"ဘာ!!!"
"ဟို ဟိုလေ luhan ကexpress နဲ့ခရီးမသွားဘူးလို့သွားရအောင်ဆိုပြီး အစီအစဉ်ပြောင်းလိုက်တာလေ sehun ကိုပြောထားပြီးပြီဆိုလို့ baozi ကိုမပြောတော့တာ"
"Sorry ပါ Hana ရယ် ကိုယ်မသိဘူး ဟိုလဒလေးကလည်းမပြောတော့ minmin hyung အိမ်ပဲသွားလိုက်မိတာ"
"အင်းပါရပါတယ် hana တို့ နောက်ကားလတ်မှတ်နဲ့လဲထားတယ် ကားဂိတ်ကိုမြန်မြန်လာခဲ့နော်"
"Ok ok ၁၅မိနစ်အတွင်းရောက်အောင်လာခဲ့မယ် နီးနီးလေးပဲကို"
"အင်းအဲဒါဆိုဒါပဲနော်"
"အင်း အင်း"

ဖုန်းကိုချကာ လှည့်ကြည့်တော့ သကောင့်သား oh sehun က ဘာမှမသိတဲ့ အူကြောင်ကြောင်ဒီဇိုင်းနဲ့ ကြည့်နေလေရဲ့

"Ya ... sehun မင်းကိုကားဂိတ်မှာစုံမယ်လို့ luhan ပြောထားတယ်ဆို"
"ဘယ်တုန်းကလည်း"
"မနေ့ကလေ မေ့နေပြန်ပြီလား"
"ဟာ ဟုတ်သားပဲ ငါမေ့နေတာ ဘယ်နှစ်နာရီရှိပြီလဲ"
"၈ခွဲ"
"သေပြီ ၈ နာရီကားနဲ့သွားမယ်လို့ပြောထားတာ"
"မင်းကတော့လေ လုပ်လိုက်ရင်တလွဲ လာမြန်မြန်သွားရအောင် ၉နာရီကားနဲ့လဲထားတယ်တဲ့ မင်းတော့ luhan ကောတာခံဖို့ပြင်ထားပေတော့ ငါ့ cuttie လေးကအေးတော့ဘာမှ ပြောမှာမဟုတ်ဘူး"
"တော်တော် ကားပေါ်တတ်တော့"

ကားဂိတ်ရောက်တော့လား ဟုတ်ကဲ့ ကျွန်တော်တို့ နားဆေးရုံ မရောက်ရုံတမယ်ပါပဲ

"Oh sehun မင်းငါ့စကားကို အလေးမထားတာလား ဟမ်"
"မဟုတ်ပါဘူး luhan ရယ် ကိုယ်တစ်ကယ်မေ့သွားလို့ပါကွာ"
"မင်းမေ့စရာလား ဟမ် ဒီမှာ minmin hyung တို့စောင့်နေရတာ အားနာစရာ"
"တောင်းပန်ပါတယ် lu ရယ်နော်"
"ငါ့လာမတောင်းပန်နဲ့ hyung တို့ကိုသွားတောင်းပန်"
"အင်းပါ အင်းပါ"

Sehun တစ်ယောက်ကတော့ luhan အလိုကျ xiumin hyung တို့ကိုသွားတောင်းပန်းနေလေရဲ့ ကျွန်တော်ကတော့ ထုံးစံအတိုင်း cuttie လေးနားထိုင်ငမ်းနေတယ်လေ မအားဘူးသိလား

~~~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~~~~~

Tomorrow next part will come.. 😊😊😊

Thank you for reading and voting my fic

My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicodeWhere stories live. Discover now