Episode 09 (unicode)

30 3 0
                                    

အွန်း....

ညည်းသံပျော့ပျော့လေးတစ်ခုထွက်လာချိန်
အသက်ရှူဖို့လေလိုလာချိန်တစ်ခုမှာတော့ ငုံထွေးထားမိတဲ့နှုတ်ခမ်းလွှာလေးတွေကိုမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရပြန်တယ်

"Hana"

မျက်တောင်ကော့ကော့လေးတွေအနားသပ်ရန်ထားတဲ့ မျက်ဝန်းဝိုင်းစိုစိုလေးတွေကအံ့ဩမှုနဲ့ရှက်ရွံ့မှုအပေါင်းခညောင်းနေဆဲ နှုတ်ခမ်းထွေးထွေးလေးတွေကိုလက်ကလေးနဲ့ဖိအုပ်ထားရင်း အရှက်သည်းစွာငုံးထားတဲ့ခေါင်းလေးက ပြန်မော့မလာတော့

"Wo ài ni Hana..."
"ဟင်"
"ဟို တစ်မျိုးမထင်ပါနဲ့ Hana ကို cosplay ပွဲမှာစတွေ့ကတည်းက စိတ်ဝင်စားမိခဲ့တာပါ အစကတော့ မိန်းကလေးတစ်ယောက်လို့ထင်ပြီးစိတ်ဝင်စားခဲ့တာ ဝန်ခံပါတယ် Hana ကို ယောင်္ကျားလေးမှန်းသိတော့ ကိုယ့်ကိုယ်ကို ညာနေမိတယ် Hana ကိုမချစ်ပါဘူးလို့လေ ဒါပေမဲ့ Hana သိလားကျွန်တော် Hana ကိုတွေ့တိုင်းရင်ခုန်တာထိန်းလို့မရနိုင်ဘူး ပြီးတော့ အမြဲတမ်းသတိရနေတယ် ကျွန်တော်သေချာသိလိုက်တယ် Hana ကိုအရမ်းချစ်နေမိပြီဆိုတာပဲ"
"Baozi..."
"ဟင်"
"အေး အေးနေပြီ ပြန် ပြန်ရအောင်"
"Hana ကိုယ်..."
"Hana အရမ်းအေးနေပြီ"

အဖျားခတ်တုန်ယင်သယောင်ရှိနေတဲ့ အသံလေးကရှေ့ဆက်မယ့်စကားတွေကို ရက်တန့်သွားစေတာအမှန်...
စိုးရိမ်မှုနဲ့အတူ နဖူးလေးကိုစမ်းမိချိန်မှာတော့ ခပ်နွေးနွေးအထိအတွေ့ ကျွန်တော့် cuttie လေးဖျားနေပြီလေ...

"လမ်းလျှောက်လို့ရလား"
"အင်း"

တိုးဖျော့ဖျော့အသံလေးက ရင်အစုံကို ကျင်စက်နဲ့တို့နေသယောင်ယောင်

"ကျောပေါ်တက်"
"ရပါတယ်"
"တက်ပါ"
"အရမ်အေးနေလား"
"အင်း ဒါပေမဲ့...."
"........"
"Baozi ကိုယ်ကနွေးနေတာပဲ"

သူ့စကားလေးကြောင်းပြုံးမိလေပြီ

"Hana"
"အင်း"
"ခုဏပြောတာတွေကိုစိတ်ထဲမထားနဲ့နော်"
"......."
"Hana.. Hana..."

ပြန်ထူးသံမကြားရခြင်းနဲ့အတူ စိုးရိမ်ရေမှတ်က ဒီဂရီအမြင့်ဆုံးတတ်လာတယ်
အင်္ကျီစကို ခပ်တင်းတင်းဆုတ်ကိုင်လာမှုနဲ့အတူ တိုးဖက်လာတဲ့ လက်ကလေးတွေ

"Hana လည်းချစ်တယ်"
"ဟင် ဘာ ဘာ"

ပထမဆုံး Hana ရဲ့ အသံခပ်တိုးတိုးလေးကိုမုန်းမိခြင်းပါပဲ

"ဘာပြောလိုက်တာလဲ"
"ဟင့်အင်း ဘာမှမပြောပါဘူး"
"Hana ကိုယ့်ကိုတစ်ခုခုပြောလိုက်ပါတယ်"
"မပြောပါဘူးဆို မြန်မြန်လျှောက်ပါနော် အေးနေပြီ"
"Hana ပြန်မပြောရင်မလျှောက်တော့ဘူး ဒီအတိုင်းရပ်နေတော့မှာ"
"အင်း"

ခပ်ပေပေရပ်နေမိခြင်းရဲ့ရလဒ်ကတော့... ကျောပြင်နဲ့ကပ်ရပ်ကိုယ်လုံးလေးဆီကနေပူနွေးနွေးအငွေ့အသက်တွေလာရိုက်တော့မှ အမှားကြီးကြီးတစ်ခုကိုလုပ်မိပြီဆိုတာ သတိထားမိလိုက်တယ် 
စိုးရိမ်မှုတွေထွေးပိုက်ရင်း Hotel ကိုအမြန်ပြေးရလေပြီ
Hotel ရောက်တော့ သတိရတစ်ချက် မရချက်ဖြစ်နေတဲ့ ကျွန်တော့်ချစ်ရသူ ပုံရိပ်က နှလုံးသားတစ်ခုလုံးကို စုပ်ညှစ်ထားသလို ဝေဒနာခံစားနေရရှာတဲ့ ဖြူဖျာ့ဖျော့ပုံရိပ်ကလေး ကိုယ်တောင်းပန်ပါတယ်ကလေးရယ်...

"ဘယ်လိုဖြစ်ရတာလဲ baozi ငါမင်းကိုယုံကြည်လို့ထည့်ပေးလိုက်တာလေ"
"Lu hyung ကျွန်တော်..."
"လာပါ lu hyung ရယ် boazi လည်းစိတ်မကောင်းဖြစ်နေတာကို  Hana လည်းအပူကျသွားပါပြီ baozi မင်း Hana ကိုကြည့်ထားပေး ငါတို့ညစာသွားဝယ်လိုက်ဦးမယ်"

Luhan တစ်ယောက်မကျေမနပ်နဲ့ပင် sehun ဆွဲခေါ် ရာနောက်ပါသွားလေတယ်
အေးစက်စက်အခန်းလေးထဲမှာတော့ ဆေးပိုက်တန်းလန်းနဲ့ ကုတင်ထက်လဲလျောင်းရင်း အိပ်စက်နေတဲ့ကောင်ကလေးတစ်ယောက်ရယ်
ထိုကောင်လေးရဲ့လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်း ဝမ်းနည်းနာကျင်နေတဲ့ကောင်လေးတစ်ယောက်ရယ်....
အချစ်ဆိုတာဖြောင်းဖြူးတတ်တဲ့အရာတစ်ခုတော့ဖြစ်ဟန်မတူခဲ့ဘူးထင်ပါတယ်လေ.......

~~~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~~~~~

3.2.2016....
Hana နေမကောင်းဖြစ်တဲ့အချိန်ကိုပြန်သတိရမိတယ် အဲဒီတုန်းကစိတ်ပူပြီးအိပ်လို့တောင်မရခဲ့ဘူး

My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicodeWhere stories live. Discover now