"Congratulation သားကြီး"
အခန်းထဲကို အသံဗြဲကြီးနဲ့ ဝင်လာတဲ့ sehun ကြောင့်မနက်ခင်းအပျော်လေးတွေက တွန့်ဆုပ် တွန့်ဆုပ်နဲ့ပြန်ဝင်သွားကြပြန်သည်...
"မင်းပေါ်မှလာပါဦးမလားလို့စိုးရိမ်နေရတာ"
"လာရမှာပေါ့ကွာ.. ဖေ့သားကြီးကို သူတစ်ပါးလက်ထဲ အပ်ရမှာဆိုတော့မှစရာရှိတာတွေမှာရဦးမယ်လေ"
"အပြောကတော့ရွှေမန်းပါလား oh se ရယ်... နှုတ်ဆက်ပွဲမှာ တစ်ဝတစ်ဖြဲစားဖို့လာတယ်ဆိုတာလေးလည်း ထည့်ပြောပါဦး"
"ဟဲဟဲ နည်းနည်းတော့ပါတာပေါ့လေ"အိပ်ခန်းထဲနှစ်ယောက်သား စကားများနေကြရင်း ရေချိုးခန်းကနေ bathrobe လေးနဲ့ထွက်လာတဲ့ ကလေးငယ်ကြောင့် မေးခွန်းများစွာပါတဲ့ sehun ရဲ့ ဗို့အားပြင်းပြင်း အကြည့်ကဒိုင်းခနဲ
"အာ sehun ရောက်နေတာလား"
"အင်း ဒါနဲ့Hana ကဘယ်လိုလုပ်..."
"ဟေ့ကောင်လာ အောက်ဆင်းရအောင် Lu hyung လဲပါလာတယ် မဟုတ်လား တစ်ယောက်ထဲစောင့်ခိုင်းရလားဆိုပြီးဒေါသတွေထွက်နေအုံးမယ် ကလေး ကိုကို အဝတ်အစားတွေထုတ်ပေးထားတယ်
ဝတ်ပြီးဆင်းလာခဲ့နော်"
"အင်းပါ ကိုကိုရဲ့ hannie ကိုသာသေချာချော့ထားပေးဦး ကလေးကနောက်ကျနေတော့ စိတ်ဆိုးနေတယ်တဲ့"
"ဟုတ်ကဲ့ပါဗျာ မြန်မြန်ပြင်နော် အအေးပတ်မယ်
ဟေ့ကောင်လာ ဆင်းမယ်..."အူကြောင်ကြောင် အမောင် oh se ကို ဂုတ်ကနေဆွဲမရင်း အခန်းပြင် အတင်းဆွဲထုတ်ရသေးတယ် ကျွန်တော့်ကလေးရဲ့ ရေချိုးပြီးစ သဘာဝအလှလေးကို ဘယ်သူ့ကိုမှ မတွေ့စေချင်တာ ကိုယ့်အတ္တ...
"Bao သားကြီး"
"ဘာတုန်း"
"တော်လှချည်လား.... ဘယ်အချိန်ကတည်းက တစ်ခန်းထဲအိပ်ခွင့်ပါမစ်ရသွားသလဲ"
"လဒ နှာတွေးတွေတွေးနေ မနက်နိုးကတည်းက မားမားဆီမှာ လာချွဲနေတာ Lu hyung ဖုန်းဆက်တော့နောက်ကျနေတာနဲ့ ဒီမှာပဲ ပြင်ဆင်ခိုင်းလိုက်တာ"
"အင်္ကျီကကော"
"ငါသွားယူပေးထားတာဟေ့.. မိန်းမကြီးကျနောတာပဲ စပ်စုတာကွာ"စပ်စုစိန် ဂျရှည်ကောင်အား လှေကားရင်းမှာတင် စကားစဖြတ်ခဲ့ရင်း ဆိုဖာပေါ်၌ ဆန်နန်းပြားပီသစွာ စိတ်ဆိုးတော်မူနေသော lu hyung အားလည်း မျက်နှာချိုသွေးရပြန်ပြီ
YOU ARE READING
My Little Cuttie Boyfriend ( Baohan Yaoi ) Zawgyin+unicode
RomanceBaozi is a cosplayer and high school student. One day, he meet a cute girl, call Hana, at cosplay festival. He really want to know who this girl is it. But he surrendered cause there are so many cosplayers and hardly recognize their face cause of ma...