⚠BECAUSE...⁉
နေရောင်.......အရုဏ်ဦးအချိန်ကစ၍.... နံနက်ခင်းမှာ အေးချမ်းစွာထွက်ပေါ်လာတဲ့နေမင်းကြီးက...ဘာကြောင့်တစ်ဖြည်းဖြည်း ပူလောင် စူးရှလာရတာလဲ.....။သူ့ရဲ့အနွေးဓာတ်ကို လူသားတွေအပေါ် ပေးချင်လွန်းတဲ့စေတနာများပြီး...လောဘကြီးလာတာလား....။ဒါမှမဟုတ်.....နံနက်ခင်းအစ နိုးထလာချိန်မှာတော့...လူတွေက အေးချမ်းနေပြီး...နေ့တစ်နေ့ရဲ့အချိန်တွေကြာလာလေလေ...လောဘတွေ၊အတ္တတွေ နဲ့ပြည့်နှက်လာတဲ့လူတွေရဲ့ အငွေ့အသက်က နေမင်းကြီးကို ပိုပြီးလောင်ကျွမ်းစေတာလား....။ထိုအတွေးက ရူးကြောင်ကြောင်နိုင်လိမ့်မည်လို့...ထင်လျှင်လဲ မမှားနိုင်ပါဘူး..၊သို့သော်ငြားလဲ...သဘာဝတရားကြီးထဲမှာ ရောထွေးနစ်မြုပ်နေတဲ့...ခံစားချက် ဆိုသောအရာတွေက...တွေးကြည့်လေ...နက်ရှိုင်းလေပဲ မဟုတ်ပါလား....။ခံစားချက်ဆိုသော အရာကလည်း.......ထိန်းချုပ်နိုင်လျှင်...ထိန်းချုပ်နိုင်သလောက်အေးချမ်းသလို....မထိန်းချုပ်နိုင်လျှင်လည်း ပူလောင်ရပြန်တယ်...။သို့ပေမဲ့...ထိန်းချုပ်လွန်းပြန်လျှင်လဲ...လောင်ကျွမ်းတတ်ပြန်သည်...........။
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
"ငဘုန်း...နင်ငါ့ဆိုင်မှာ မနက်အစောကြီးထဲက လာစောင့်နေတာတော့မဟုတ်ပါဘူးနော်....အဟင်း..."
သူမရဲ့ Fashion ဆိုင်ထဲမှာ မျက်နှာတည်တည်ဖြင့် ထိုင်နေသော ဘုန်းနေသော် အား....လရောင်ခြယ် တစ်ယောက်...ပစ္စည်းတွေ နေရာလိုက်ချရင်းနှင့်ပင်...စနောက်ပြီးပြောလိုက်လေသည်......။
"ခုဏကမှ ရောက်တာပါဟာ...နင်ကလဲ...နင် ဒီအချိန်ဆိုင်ဖွင့်နေကျပဲဟာကို..."
ငဘုန်း တစ်ခုခုကိုစိတ်ညစ်နေရင်...သူ့မျက်နှာမှာအထင်းသားပေါ်နေတတ်တယ်...။ငယ်ငယ်ထဲက ပေါင်းလာတဲ့ ကျွန်မသူငယ်ချင်းရဲ့ အမူအရာကို ကျွန်မဖတ်တတ်တာပေါ့...။အရင်ဆုံးသူ ရင်ဖွင့်ဖို့အတွက်...စိတ်ပေါ့သွားအောင်...ကျွန်မကပဲ...စနောက်နေရတာ...၊ခုလဲ သူပြောမဲ့အကြောင်းအရာကိုသိပေမဲ့...သူ့ခံစားချက်ကိုတော့ကျွန်မ နားထောင်ချင်မိတယ်......။
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............