BLOFA :: 34 [Unicode]

1.6K 216 2
                                    

BLOFA :: 34

🍁🍁
မချစ်တတ်တဲ့သူ ဖြစ်ချင်လိုက်တာ။
ဒါဆို အရာရာ ပိုလွယ်ကူသွားမယ်ထင်တယ် ဝံပုလွေပျိုရယ်
🍁🍁

🌾 Bleeding Love 🌾

^~ Fallen Angel ~^

" သတိထားစမ်း! မင်းအလျင်လိုနေလို့ ဘာကောင်းကျိုးမှ ရှိမှာမဟုတ်ဘူး "

အထုတ်အပိုးများကိုပြင်ပြီး ယူရခါကို ရောက်ချင်ဇောသန်နေကာ အလွဲအမှားမှားဖြစ်နေသော Iori ကို Shun ပိတ်ဟောက်လိုက်သည်။

မြင်းပေါ်ခွစီးပြီးပြီးချင်း မြင်းဇက်ကြိုးပင် မကိုင်သေးဘဲ Ken ကို ခြေ နှင့် ကန်ကာ နှင်လိုက်သောကြောင့် Ken ချက်ချင်း ပြေးထွက်သွားသောကြောင့် Iori မြေပေါ်ကျသွားခြင်း။

" ဘာမှမဖြစ်ဘူး။ ကောင်လေး ဘာမှမဖြစ်ဘူး "

Iori ပြုတ်ကျသွားသောကြောင့် လန့်ဖြတ်သွားသော Ken ကိုလည်းချော့ရသေးသည်။ မြင်းပေါ်က ပြုတ်ကျတာတောင် ထူမပေးခြင်းမခံရတဲ့အတွက် Iori ကိုယ့်ဘာသာကိုယ် ထလိုက်ရသည်။ မြင်းလောက်ပင် အရာမရောက်တော့ အနည်းငယ် ဝမ်းနည်းမိသော်ငြား ဒါတွေကို ခံစားနေရမယ့်အချိန်မဟုတ်။

" သွားမယ် "

Ken အနည်းငယ်တည်ငြိမ်သွားတော့ Ken ပေါ်တက်ကာ Iori ကို လှမ်းခေါ်လိုက်သော Shun ကို Iori အနည်းငယ်တော့ အံ့ဩမိသည်။ သာမန်လူဆို အရိုးတောင်ကျိုးနိုင်သည့်အခြေအနေတစ်ခုမှာ သူက ပွန်းပဲ့ရုံသာဖြစ်ပေမယ့် အဆင်ပြေရဲ့လား ဆိုတာကို ဝတ်ကျေတန်းကျေတောင် မမေးတဲ့ Shun။ အရင်ရက်တွေက သူ့အပေါ် နည်းနည်း ဂရုစိုက်မှုတွေပြခဲ့တာ Shun မှဟုတ်ရဲ့လား။

ဒါပေမယ့် အခုက ဒါတွေလိုက် အံဩရမယ့်အချိန်မဟုတ်။

Shun နောက်ကနေ Kenပေါ်တက်လိုက်ပြီး တိတ်တဆိတ်သာ လိုက်ပါတော့သည်။

" ကိုင်ထား။ "

Shun ရဲ့စကားကို နာခံစွာ Shun ခါးနားက အဝတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ မနာခံလို့မရ Shun က အရှိန်တင်တော့မှာ။ ဒီတစ်ခါပြုတ်ကျရင် သက်သာမှာမဟုတ်။

Bleeding Love Of Fallen AngelWhere stories live. Discover now