အသွားအပြန် လေးနာရီဝေးသော ဌာနချုပ်ဆီသို့ ခရီးကြောင့် တန်ဖိုးရှိလှသောအိပ်ချိန်တော်တော်များများကို ရင်နာနာနဲ့ လက်လွှတ်ဆုံးရှူံးလိုက်ရသော Xiao Zhan က သူတို့သုံးယောက်မျှသုံးရသည့် အခန်းကို ပြန်ရောက်ရောက်ချင်းမှာပဲ အိပ်ချင်မူးတူးဖြစ်စွာဖြင့် အိပ်ယာပေါ်သို့ ဒိုင်ဗင်ထိုးဝင်ပစ်လိုက်တယ်၊
ကျေးဇူးပြုပြီး!
ငါ့ကို ကောင်းကောင်းမွန်မွန် အိပ်ခွင့်လေးပေးကြစမ်းပါ၊ဧည့်ခန်းထဲမှာ KAI နဲ့အတူ တာဝန်ချိန်တွေခွဲခြားဖို့ ဆွေးနွေးနေတဲ့ Lu Han ကို တစ်ယောက်တည်းချန်ပစ်ခဲ့တဲ့ Yibo ကတော့ သူ့ရှေ့မှာဝုန်းခနဲလှဲချပြီးပြီးချင်း သက်တောင့်သက်သာမရှိတဲ့ ပုံစံနဲ့ တရှူးရှူးအိပ်ပျော်သွားတဲ့ Xiao Zhan ရဲ့ အနားကို အသံမထွက်အောင်သွားလိုက်တယ်၊
ယူနီဖောင်းဝတ်စုံတောင်မလဲနိုင်တော့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ Xiao Zhan က အိပ်ယာကို မျက်နှာအပ်အိပ်နေတာမို့ သိပ်မကြာခင်မှာ အသက်ရှူရတာခက်ပြီး ပြန်နိုးလာမှာ အမှန်ပဲ၊
ခေါင်းအုံးကိုဆွဲယူပြီး Xiao Zhan ခေါင်းကို ဖွဖွလေး ပင့်မကာ အောက်ကနေထိုးပေးလိုက်တဲ့ Yibo က Xiao zhan ရဲ့တစ်ကိုယ်လုံးကို ပွေ့ချီလုမတတ်မပြီး အဆင်ပြေသက်တောင့်သာရှိတဲ့ ပုံစံသို့ ပြောင်းပေးလိုက်တယ်၊ အသံသေးသေးလေးတောင်မထွက်ပဲ တန်ဖိုးကြီးပစ္စည်းတစ်ခုကို ကိုင်တွယ်နေသလို ညင်ညင်သာသာ ဂရုတစိုက်လုပ်နေတာမို့ Yibo ရဲ့ ပုံစံက အကဲပိုအမြင်ကတ်ချင်စရာတောင် ကောင်းနေသေးတယ်၊
အနည်းငယ်ညိုပျောင်းတဲ့အသားအရေကို အစိုးရတဲ့ ဒီဆေးဗိုလ်လေးက ရှင်းလင်းပြတ်သားလှပတဲ့ မျက်နှာကိုလည်း တစ်ချိန်တည်းမှာပဲ ပိုင်ဆိုင်ထားသေးတယ်၊ Xiao Zhan ရဲ့ အိစက်နေတဲ့ပါးပြင်ဥဥကို ယုယုယယထိတွေ့လိုက်တဲ့ Yibo က သည်တစ်နေ့တာအတွက် ပြင်းပြင်းထန်ထန် လွမ်းဆွတ်နေတဲ့ သူ့ခံစားချက်တွေကိုထိန်းချုပ်ဖို့ သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့တယ် ။
အသံထွက်မိတော့မလို့ သူ ပြုံးရယ်လိုက်မိပေမဲ့၊
တစ်ခါတစ်လေတော့လည်း သူ့ရဲ့ နာကျင်မှု၊မောပန်းမှု ဒါမှမဟုတ် တစ်နေ့တာအခက်အခဲတွေ၊ သူ့ကိုထိခိုက်တုန်ရီစေသမျှအရာအားလုံးကို ရယ်သံတစ်ချက်၊အပြုအမူလေးတစ်ချက်နဲ့တင် တိုက်စားချေပနိုင်စွမ်းတဲ့ ဒီခပ်တုံးတုံးလူဆိုးလေးက အမြဲတမ်းရိုးအနေလို့ သိပ်ကိုခက်နေတော့တာပဲ..။
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...