BLOFA :: 21
Shun ပြန်ရောက်သည့်သတင်းကို ကြားသည်နှင့် Akashi [အခါရှီ] တစ်ယောက် နန်းတွင်းမှာဖြစ်ပျက်နေသည့် သတင်းများကို Shun နှင့် ဆွေးနွေးရန် အနောက်ဆောင်ဘက်ကိုထွက်လာသည်။ ကိုယ့်အရိပ်ကိုယ်တောင် မယုံရတော့တဲ့ ဒီနန်းတွင်းမှာ Shun ဟာ Akashi အတွက်တစ်ခုတည်းသော တိုင်ပင်ဖက်ဖြစ်သည်။ ထို့ကြောင့် သူဘယ်သွားသွားခေါ်သွားလေ့ရှိတဲ့ကိုယ်ရံတော် Shino (ရှီနို) တစ်ဦးတည်းကိုသာခေါ်ကာ Shun ဆီကို ခပ်သွက်သွက်သွားမိသည်။
Shun ရဲ့ အဆောင်ဘက်ကိုရောက်လာတော့ အဆောင်ရှေ့တွင် အထုတ်အပိုး တစ်ပွေ့တစ်ပိုက်နှင့် Shun အဆောင်ထဲကို ချောင်းနေသော ချစ်စဖွယ်ကောင်မလေးကိုတွေ့လိုက်ရသည်။
" Sakura Chan! "
သူခေါ်လိုက်တော့ Sakura က အလန့်တကြားလှည့်ကြည့်ရင်း ရှူးလုပ်ပြသည်။ နှုတ်ခမ်းပေါ်လက်ချောင်းလေးထောင်ကာ တိတ်တိတ်နေခိုင်းသော သူမသည် အလွန်ချစ်စဖွယ်ကောင်းပါသည်။
" ဘာဖြစ်တာလဲ "
Shun အဆောင်ရှေ့မှာ အစောင့် တစ်ယောက်မှ မရှိသဖြင့် Akashi က ဘာဖြစ်တာလဲ ဟူသောသဘောနဲ့ မေးဆတ်ပြတော့ Sakura က ခြေဖျားထောက်ကာ နှုတ်ခမ်းကို အုပ်ပြီးတိုးတိုးပြန်ဖြေသည်။
" အစ်ကိုတော် Shun က မျက်လုံးမမြင်ရတဲ့ကောင်မလေး တစ်ယောက်ကိုခေါ်လာတယ်။ အခု သမားတော်ခေါ်ပြီးဆေးကုပေးနေတာ။ သူ့အစောင့်တွေကို.... "
Sakura တစ်ယောက် သူ့အစ်ကိုတော်ရဲ့ လုပ်ဆောင်ချက်တွေရို သိသလောက် အကုန်ပြောပြလိုက်သည်။
Sakura ပြောသမျှကို ခါးစောင်းကာ စိတ်ရှည်လက်ရှည်နားထောင်ပြီးနောက် Akashi မင်သက်သွားသည်။" Shun ရဲ့ ကြင်ယာတော်လောင်းလား "
Akashi ကလည်း Sakura လေသံအတိုင်းတိုးတိုးလေးပြန်မေးသည်။ Sakura အားရပါးရပြုံးပြီး ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
" မဖြစ်နိုင်တာ "
Akashi က မယုံနိုင်သလိုရေရွတ်တော့ Sakura က မျက်စောင်းလေးခဲကာ Akashi ကို ဘုကြည့်ပြန်ကြည့်သည်။ ကြည့်နေရင်းနဲ့မှ Akashi နောက်က ကိုယ်ရံတော် Shino ကို မြင်တော့ သူမရဲ့ မျက်ဝန်းထဲ အရောင်တစ်မျိုးယှက်ပြေးသွားသည်။ သူမပြုံးလိုက်သည်။ ပျော်ရွှင်စွာပြုံးပြသော်ညား သူမ၏ အပြုံးတို့က နွမ်းလျလှသည်။ သူမကို တစ်ချိန်လုံးစိုက်ကြည့်နေမိသည့် Shino က ထိုအချိန်ကျမှသာ ခါးကိုင်းကာ ဦးညွှတ်လိုက်သည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...