(Zawgyi Version)
"ဟေ့....ဆေးသောက်ပြီးပြီလား...."
"ဟုတ် .ကိုကို ကျွန်တော် ပြီးရင်သောက်လိုက်မယ်"
"ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်ဦး ဒဏ်ရာ ဗလပွနဲ့
အဲ့တာတောင် ဆေးသောက်ဖို့ကိုလိုက်ပြောနေရ
တယ် ဘယ်လိုဟာလဲ မသိဘူး...."ကံမကောင်းစွာဖြင့် ရီပေါ်ကတော့ ဒီနေ့ သူ့အကိုမင်္ဂ
လာပွဲကို ပွန်းပဲ့ဒဏ်ရာတွေမပျောက်သေးသော မျက်
နှာနှင့် တက်ရတော့မည်...မတက်နိုင်ပါလေ..မင်္ဂလာပွဲသို့ သွားရတော့မည်ဖြစ်သဖြင့် ကိုကိုက
တော့ အပီရွိုင်းနေသည်...ရီပေါ်ရော ကိုကိုရော
အနောက်တိုင်း ဝတ်စုံလေးတွေကိုသပ်သပ်ရပ်ရပ်
ဝတ်ထားကြသည်...ကိုကိုကတော့ အနောက်တိုင်း
ဝတ်စုံနှင့် ပို၍ပင်ခန့်ညားနေသည်...မင်္ဂလာပွဲသို့ သွားရာလမ်းတစ်လျှောက်၌လည်း
ကိုကိုက သူ့အား အပြစ်မရှိအပြစ်ရှာပီး ဆူပူနေ
မြဲ......မင်္ဂလာပွဲကိုရောက်တော့ ရှီကောနဲ့ ကျဲကျဲ ကဧည့်
သည့်တွေကိုလိုက်ဧည့်ခံနေသည်...သူနဲ့ကိုကိုကတော့
သူတို့နေရာမှာသူတို့ဝင်ထိုင်လိုက်ပီး မင်္ဂလာပွဲစမှာ
ကိုထိုင်စောင့်နေလိုက်သည်...ထို့နောက်မကြာခင်မှာပဲ ကတိသစ္စာပြုကြပီးမင်္ဂ
လာပွဲကအောင်မြင်စွာပြီးဆုံးသွားသည်...ရှီကော
တို့က ဟန်းနီးမွန်းမသွားပဲ ပေကျင်းက အပန်းဖြေ
စံအိမ်မှာပဲ နေကြမည်ဖြစ်သည်...."အားဝမ်..သား ဆရာဝန်ပေးတဲ့ဆေးတွေသောက်
ရဲ့လား...သားရယ် သားမျက်နှာက ဒဏ်ရာတွေမား
စိတ်ဆင်းရဲလိုက်တာ..သားငယ်နဲ့ ဒီဒဏ်ရာတွေက
မလိုက်ဖက်ဖူး....သားဆေးလိမ်းနော်..ဆေးလည်း
ပုံမှန်သောက် လိမ်မာတယ်နော်...""စိတ်ချပါ မာမားရဲ့ ကျွန်တော်ဆေးသောက်ပါတယ်"
"အင်းပါသားရယ်...မာမားဆီလည်း ခဏခဏလာ
လည်နော်...သားငယ်ကို မားလွမ်းနေတာ...""အင်းပါမာမားရဲ့.........မင်္ဂလာပွဲလည်းပြီးသွားပြီ
ဆိုတော့ ကျွန်တော်တို့ပြန်တော့မယ်လေ..."ရီပေါ်က မာမားရဲ့ပါးလေးကို တစ်ချက်နမ်းပြီး
နှုတ်ဆက်လိုက်သည်....
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)