လူတိုင်းမှာ ပထမဆုံး အချစ်ဦးဆိုတာတော့ရှိခဲ့တာဘဲ
အချစ်ဆိုတာကတော့ ပိုချစ်ရတဲ့ လူက ပိုနာကျင်ရစမြဲပါ
အဲ့ဒိ လူကတော့ ကျွန်တော်ပါ ကိုကို
ကိုကိုကတော့ ကျွန်တော့ကိုမသိပါဘူး ဒါပေမယ့် ကျွန်တော်ကတော့ ကိုကို့ကိုအဝေးကနေ ငေးကြည့်ပြီးချစ်နေရသူပါ
ကိုကို့ရဲ့အရေးမစိုက်မှုတွေရပေမယ့်လည်း ကျွန်တော်ပျော်တယ်
မိန်းကလေးတွေကို ရင်မခုန်တတ်တဲ့ ကျွန်တော်က ဘာကြောင့်မှန်းမသိ ကိုကို့ကို တွေ့တော့ ရင်ခုန်တတ်လာတယ်ဒါပေမယ့် ကျွန်တော်အစထဲက ရှုံးနှိမ့်သွားပြီ ကိုကို ကျွန်တော့ရဲ့အချစ်တွေက ကြာရှည်မခံပါဘူးဗျာ
ကိုကို့ကိုတစ်ခြားမိန်းကလေးတစ်ယောက်နဲ့အတူ တွဲတွေ့လိုက်တယ် ရင်ဘက်ထဲက ဆူးနစ်အောင်အောင့်တက်လာခဲ့တယ်
အခုမှသိလိုက်ရတယ် ကျွန်တော်က မမှီတဲ့ပန်းကိုလှမ်းခူးမိနေတာဘဲ
ကျွန်တော့်ဦးနှောက်ထဲ အတွေးတွေ ဝင်လာခဲ့တယ် ကို့ကို့ကို အပိုင်လုယူချင်မိတယ်လို့ ဒါပေမယ့် မလုပ်ရက်ခဲ့ပါဘူး ကိုကိုမုန်းသွားမှာဆိုးလို့
ဒါကြောင့်ကိုကို့ကို ချစ်တဲ့ အချစ်တွေကို မေ့ပစ်နိုင်ဖို့ ကျွန်တော်မြိုသိပ်ထားခဲ့တယ် ရင်ထဲမှာဘဲ အမြဲသိမ်းဆည်းထားလိုက်ပြီ
ကိုကို့ကိုမေ့ပစ်နိုင်ဖို့ ကိုကိုနဲ့အဝေးဆုံး တစ်နေရာကို ကျွန်တော်ထွက်သွားပြီ ကိုကို
ဒီဘဝမှာ ကိုကို့အချစ်ကိုမရနိုင်ခဲ့ပေမယ့် နောက်ဘဝမှာတော့ ကိုကို့အချစ်ကိုရနိုင်တဲ့ တစ်ဦးတည်းသောသူ ကျွန်တော်ဖြစ်ပါစေလို့
ဆုတောင်းတယ်ကိုကို့ကို ထာဝရ တစ်သက်လုံး ချစ်နေမယ့်သူ
ကိုကို့ကို တစ်ဖက်သက် ချစ်နေရသူ
ညီရဲရင့်#ပထမဆုံး ရေးတာမို့ အရေးအသားမကောင်းရင် ခွင့်လွှတ်ကြပါ😁😁
YOU ARE READING
တစ်ဖက်သက် အချစ်က ရှုံးနှိမ့်ခြင်းလားကိုကို
Короткий рассказလူတိုင်းမှာ ပထမဆုံး အချစ်ဦးဆိုတာတော့ရှိခဲ့တာဘဲ အချစ်ဆိုတာကတော့ ပိုချစ်ရတဲ့ လူက ပိုနာကျင်ရစမြဲပါ အဲ့ဒိ လူကတော့ ကျွန်တော်ပါ ကိုကို ကိုကိုကတော့ ကျွန်တော့ကိုမသိပါဘူး ဒါပေမယ့် ကျွန်တော်ကတော့ ကိုကို့ကိုအဝေးကနေ ငေးကြည့်ပြီးချစ်ေ...