For Zawgyi
သော်ခန့် ဒီနေ့ သင်တန်းမှာ အဆင်မပြေ.. သင်တန်းပေးတဲ့ ဆရာတစ်ယောက်နဲ့ဆရာမတစ်ယောက်က ခိုးပြေးသွားကြသတဲ့ ...
သူတို့နှစ်ဖက်မိဘတွေက ဘာမှမဆိုင်ပဲ ဘုန်းကြီးအမှုရွာပတ် ဆိုသလို သော်ခန့်ဆီသာ ဉီးတည်လာသည်..
သော်ခန့်ကပဲ အုပ်ထိန်းမှုမကောင်းသလိုလို ... သော်ခန့်ဒေါသတွေထွက်ချင်နေပါပြီ .. သို့ပေသိ မိဘဆိုတဲ့အမျိုးကိုက ကိုယ်ထိန်းချုပ်ရာ သားသမီးက မပါရင် ဂရုဏာဒေါသထွက်တတ်တာ သူသိနေတာမို့ အတတ်နိုင်ဆုံး စိတ်ကိုလျှော့ချလိုက်တော့သည်....
သော်ခန့်အပိုင်မဟုတ်သည့်တိုင် သော်ခန့်က တာဝန်ခံဆရာတစ်ယောက်ဖြစ်နေလေတော့ အရာရာ သော်ခန့်ခေါင်းပေါ်ရောက်လာသည်....
ခိုးပြေးသွားတဲ့နှစ်ယောက်က အခုမှ ၂၃မို့ မိဘတွေက အင်မတန်နှမျောနေပုံရသည်..
တတ်သလောက်မှတ်သလောက် သွေးအေးအောင် သူ့မှာ ညှိနှိုင်းပေးနေရသည်.. ဘာမဆိုင်ညာမဆိုင်သူက ရပ်ကွက်လူကြီးလိုလို..
သော်ခန့်ရယ်လည်းရယ်ချင် စိတ်လည်းပျက်ချင်..
ပြုံးမြမြမျက်နှာတို့ကို အတတ်နိုင်ဆုံး အညှိုးငယ်ဆုံးဖြစ်အောင် ထိန်းကာပြောနေရသည်....
နှစ်ဖက်မိဘတွေကို အိမ်ပြန်လွှတ်လိုက်နိုင်တော့မှ သော်ခန့်တစ်ယောက် ဟင်းချရတော့သည်... ထမင်းချိုင့်ဖွင့်စားပြီး ရေကိုတောင်မသောက်ချင်တော့ ... ဗိုက်ကြီးအင့်ကာ အစာမကြေသလိုခံစားနေရသည်.. ထမင်းစားချိန်နောက်ကျနေတာကိုး..
ဆိုင်ကယ်သော့ကောက်ဆွဲကာ အနီးက ဆေးခန်းဆီသာ ထွက်ခဲ့တော့သည်..
ပေးလိုက်သော ဆေးထုပ်ကိုဆွဲကာ သင်တန်းထဲဝင်လာချိန် တည့်တည့်တိုးလိုက်ရပါသော ခွေးပေါက်လေး...
ခွေးပေါက်လေးက သူ့ကိုမမြင်သေး.. ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်..
ခွေးပေါက်လေးမမြင်ခင် ပုန်းနေလိုက်ပြီးမှ သူကြောင်သွားပြန်သည်..
" နေစမ်းပါဉီး ... ငါက ဘာအမှားလုပ်ထားတာမို့ ပုန်းနေရတာတုန်း ရူးနေပြီ သော်ခန့် "
ŞİMDİ OKUDUĞUN
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Gizem / Gerilimအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...