Just Only For You-(24)

19K 1.5K 72
                                    

( Zawgyi Version)

"ဗိုက်ဆာနေပြီလား...ငါထမင်းသွားထည့်လာပေး
မယ်..."

စကားလမ်းကြောင်းလွှဲကာရှောင်ထွက်နေသော
စုန်ကျိရန် လက်ကိုပြန်ဆွဲထားလိုက်ပြီး ဝမ်ဟောက်
ရွှမ်းက ဆိုတယ်..

"ခင်ဗျား..စကားလမ်းကြောင်းမလွှဲနဲ့...ချစ်တယ်လို့ပြော
ရင် ပြန်ပြောရမှာ နှစ်မျိုးပဲရှိတယ်...'ငါလည်းမင်းကို
ချစ်တယ်' ဒါမှမဟုတ် 'မချစ်ဖူး..' ရှင်းရှင်းပြောနော်ခု
ကထဲက .. အချိန်ပေးပါ ဘာညာ လာမပြောနဲ့"

ဆိုလိုတာက မချစ်ရင်လည်းနေပေါ့ နောက်တစ်ယောက်
ပြောင်းမယ်...မချစ်မယ့်သူအတွက် အချိန်အကုန်မခံ
ဘူး အဲ့လိုပြောချင်တာလား....စုန်ကျိရန်နင်သွားရသည်
သူ့အနေနဲ့ အနေကြာလာတော့ ဝမ်ဟောက်ရွှမ်းကိုသံ
ယောဇဉ်ရှိပါသည်...သို့ပေမယ့် ဘယ်လိုချစ်တာလဲကို
တော့သူမသိဘူး...လက်ထပ်ဖို့ထိကို လက်ခံထားတာ
ပဲမဟုတ်လား....

"မင်းကဘာဖြစ်ချင်နေတာလဲ ဝမ်းဟောက်ရွှမ်း..."

"ကျွန်တော် ကဘာဖြစ်ချင်ရမှာလဲ ခင်ဗျားကိုချစ်ချင်
နေတာလေ..."

"ငါကမချစ်ဖူးဆိုရင်ရော...."

"မချစ်လည်းနေပေါ့....ကျွန်တော်ကကိုယ့်ကိုမချစ်
တဲ့သူအတွက်အချိန်အကုန်မခံဘူးနော်..သိဖို့"

"တော်ပြီ....ငါထမင်းထည့်ပေးထားမယ်...ကိုယ့်
ဘာကိုယ်ဆင်းစားတော့ .. "

အခုဘာဖြစ်သွားတာလဲ စုန်ကျိရန်ကစိတ်ဆိုးသွား
တာလား..သူကရောဘာတွေပြောလိုက်မိတာလည်း
ဝမ်းဟောက်ရွှမ်းစိတ်တိုတိုနဲ့ လက်ထဲက Samsung
A50ကို ပစ်ပေါက်လိုက်တော့  ဖုန်းကလေးဟာ ကြမ်း
ပြင်ပေါ်မှာ တစစီဖြစ်လို့.....

******************

"သမီးအသက် ဘယ်နှစ်နှစ်ရှိပြီလဲ..."

"ဆယ့်လေးနှစ်ပါအန်တီ"

"သမီး ကျေးဇူးကြောင့် အားဝမ် အပြစ်မရှိကြောင်း
ပေါ်သွားခဲ့တာ...သမီးကိုအန်တီတို့တစ်ခုခုလုပ်ပေး
ရမှာပေါ့ ..   "

ဆိုဖာပေါ်တွင်ထိုင်နေသော ဝမ်မာမားက ကြမ်း
ပြင်တွင် ထိုင်နေသော ရှောင်းယွင့်ကိုပြုံးကာကြည့်
ရင်းပြောသည်...

JUST ONLY FOR YOU[Zhanyi/Complete]Donde viven las historias. Descúbrelo ahora